Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း ပနာဝါးပလောကျေးရွာတွင် ဒေသခံ ကရင်အရပ်ဖက်လူမှုရေးအဖွဲ့နှင့် ဒေသခံကျန်းမာရေးစေတနာ့၀န်ထမ်းတို့မှ ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ခြင်း။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း ပနာဝါးပလောကျေးရွာတွင် ဒေသခံ ကရင်အရပ်ဖက်လူမှုရေးအဖွဲ့နှင့် ဒေသခံကျန်းမာရေးစေတနာ့၀န်ထမ်းတို့မှ ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ခြင်း။

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ကေအဲန်ယူ (ဗဟို)

နိုင်၀င်ဘာလ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့ (၂) ရက် အတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း ပနာဝါးပလောကျေးရွာအတွင်းရှိ ပြည်သူများကို ဒေသခံ ကရင်အရပ်ဖက်လူရေးအဖွဲ့ နှင့် ဒေသခံကျန်းမာရေး စေတနာ့၀န်ထမ်းတို့မှ ကျန်းမာရေး စောင့်ရှောက် မှုများကို ပြုလုပ်ပေးခဲ့ပါသည်။ အခြားသောအရပ်ဖက်အဖွဲ့အစည်းနှင့် အဖွဲ့အစည်းမဟုတ်သော လူတစ်ဦးတို့မှ လိုအပ်သောဆေးဝါး၊ငွေများပံ့ပိုးပေးခဲ့ပါသည်။

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ်ကပ်ရောဂါ ဘေးကြောင့် ကုန်စျေးနှုန်းများ မတရားမြင့်တက်လာပါတယ်။ တဖက်မှာလည်း ဆေးဝါးများလည်း စျေးမြင့်တက်လာသည့်အတွက် အခြေခံလူတန်းစားများ၊လက်လုပ်လက်စားသမားများအတွက် အခက် အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရပါတယ်။ ဒီကျေးရွာအတွင်းမှာရှိတဲ့ ပြည်သူများသည် ကျန်းမာရေး အသိပညာအားနည်းခြင်း၊ကျန်းမာရေးလုပ်သားမရှိခြင်း၊ ရေကောင်းရေသန့်မရှိခြင်းတို့အပြင် မြို့နှင့် အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့ပါတယ်။ နှစ်ပေါင်းများစွာ စစ်ဘေးဒါဏ်ကို ခံစားရတဲ့ အတွက် လူနေမှုဘ၀နိမ့်ကျလျက်ရှိပါတယ်။

 

ဒါကြောင့် ဒေသခံပြည်သူတို့အတွက်လိုအပ်လျက်ရှိတဲ့ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တဖက်လမ်းကပေးနေခြင်းဖြစ်ကြောင်းနှင့် ယခုအစီအစဉ်ကို အားဖြည့်ပါ၀င်ကူညီပေးကြတဲ့ အခြား သောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းကေအဲန်ယူ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက်လူမှုရေးအဖွဲ့အစည်းမှ တာ၀န်ရှိသူတစ်ဦးမှ ပြောကြား သွားခဲ့ပါသည်။

 

အဆိုပါ (၂) ရက်တာအတွင်း ကြောင်ပြာကျေးရွာနှင့် ပနာဝါးပလောကျေးရွာတို့မှ ဆေးလာရောက်ကု သမှုခံယူသူ ပြည်သူ (၁၃၅) ဦးရှိကြောင်းသိရပါသည်။