Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

သထုံခရိုင်-ကရင်လူငယ်အစည်းရုံး (KYO)မှ ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅၃) ရွာကို KYO ဖွဲ့စည်းပေးခဲ့

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်၊ သထုံခရိုင်


သထုံခရိုင် ကရင်လူငယ်အစည်းအရုံး (Karen Youth Organization-KYO) ခရိုင်အဆင့်နှင့် ဘီးလင်းမြို့နယ်-KYO တို့ ပူးပေါင်းပြီး ဘီးလင်းမြို့နယ် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းမှ ကျေးနယ် အုပ်စု (၁၁) စုရှိ ကျေးရွာပေါင်း (၅၃) ရွာအား ကျေးရွာအဆင့် ကရင်လူငယ်အစည်းအရုံး (KYO) ဖွဲ့စည်းပေးခဲ့သည်။


ကျေးရွာအဆင့် (KYO) ဖွဲ့စည်းပေးခြင်းအပြင် ကျေးရွာလူထုအား ကရင့်သမိုင်း၊ လက်ရှိနိုင်ငံရေးအခြေ အနေ၊ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ လမ်းစဥ်၊ လုပ်ငန်းစဥ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် KYO လမ်းစဥ်၊ လုပ်ငန်းစဥ်၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေ တို့ကိုလည်း အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကရင်လူငယ်များအနေဖြင့် မိခင်ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ လမ်းစဥ် လုပ်ငန်းစဥ်များကို သိရှိနားလည်ပြီး မိမိတို့တတ်စွမ်းသည့်ဖက်မှ တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ရန် ဖြစ်သည်။

 

ကွင်းဆင်းစည်းရုံးရေးနှင့် ကျေးရွာ KYO ဖွဲ့စည်းရေး ကာလသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိ ရက်ပေါင်း (၅၂)ရက်ကြာ အချိန်ကြာမြင့်ခဲ့ပါသည်။