Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Departments

(၃၃)နှစ်မြောက် ကရင်လူငယ်အစည်းအရုံး နေ့ ကို ဂုဏ်ပြုလှုပ်ရှားမှု တစ်ရပ်ပြုလုပ်

၂၀၂၂ ခုနှစ် မေလ (၂၃)ရက်
ကေအဲန်ယူ-ဗဟို
မေလ (၂၃)ရက် နေ့ တွင်ကျရောက်သော ကရင်လူငယ်အစည်းအရုံး ၏ (၃၃) နှစ်မြောက် နေ့ ကို ဂုဏ်ပြုသောအားဖြင့် ဗဟို၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန မှ တာဝန်ရှိသူများ ဦးဆောင်ကာ ဌာနတွင်း လူငယ်များပါဝင်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ကွယ်လွန်လေပြီးသော ကေအဲန်ယူ ခေါင်းဆောင်များ အာဇာနည်ဗိမာန် တွင် ဂါရဝပြုပြီးသန့်ရှင်းရေးပြုလုပ်ခြင်း လှုပ်ရှားမှုတစ်ရပ်ကိုနံနက် ၁ဝး၀၀ မှ ၁၂း၀၀ အထိဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြပါသည်။
မေလ (၂၂)ရက်နေ့သည် ကေအဲန်ယူ ဥက္ကဌဟောင်း ပဒိုစောဘသင်စိန် ကွယ်လွန်ခဲ့သော နေ့ ဖြစ်သည့် အတွက် ဂါရဝပြုသော အနေဖြင့် ယခု ကဲ့သို့သော ဂုဏ်ပြုလှုပ်ရှားမှု ကို စုပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည် ဟု တာဝန်ရှိသူတစ်ဦးမှ ပြောပြခဲ့ပါသည်။
ကရင်လူငယ်အစည်းအရုံး သည် ၁၉၈၉ ခုနှစ် မေလ (၂၃) ရက်နေ့ ၌ မာနယ်ပလော တွင် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကေအဲန်ယူ ၏ လူငယ်အဖွဲ့ ဖြစ်ပါသည်။ ယခု အထိတိုင် ကရင်လူငယ်မျိုးဆက်သစ်များ ကို မွေးထုတ်ပေးနေသော အဖွဲ့ ဖြစ်ပါသည်။