Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Departments

ဗဟို၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန ၏ လက်ရှိနိုင်ငံရေးအခြေအနေ နှင့် သတင်းအချက်အလက် မျှဝေဖလှယ်ခြင်း အစီအစဉ်


ကေအဲန်ယူ-ဗဟို
၂၀၂၂ ခုနှစ်၊ မေလ (၂၈) ရက်
ဗဟို၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန၊ ပညာပေးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေး ဌာနခွဲမှနေ၍ လက်ရှိနိုင်ငံရေး အခြေအနေနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် မျှဝေဖလှယ်ခြင်း အစီအစဉ်တစ်ရပ်ကို ၂၀၂၂ ခုနှစ်၊ မေလ (၂၇) ရက်နေ့ တွင် ဗဟို၊ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန ခန်းမဆောင် ၌ ပြုလုပ်ခဲ့ပါသည်။
ကေအဲန်ယူ-ဗဟို ခေါင်းဆောင်များဖြစ်သော ပဒိုစောသမိန်ထွန်း၊ ပဒိုစောလှထွန်း၊ ပဒိုစောကလယ်စေး တို့ မှ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ၏ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး နှင့် လက်ရှိနိုင်ငံရေးအခြေအနေ အရပ်ရပ်တို့ကို ခြုံငုံ သုံးသပ် ရှင်းပြခဲ့ကြသည်။
အစီအစဉ်တွင် ဗဟိုဌာနချုပ်ရှိ ဌာနများမှ တာဝန်ရှိသူများ၊ ဗဟိုစစ်ဦးစီးဌာနချုပ် မှ ခေါင်းဆောင်များ၊ ဘားအံခရိုင် /တပ်မဟာ(၇)မှ တာဝန်ရှိသူများ၊ ကရင်လူမှုရေးအဖွဲ့အစည်းမျာ: တို့မှ ခေါင်းဆောင် ကိုယ်စားလှယ်များ တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
တက်ရောက်လာသော ဌာနများ၊ အဖွဲ့အစည်းများ အသီးသီး လတ်တလော လှုပ်ရှားဆောင်ရွက်မှုများ ကို တင်ပြကြပါသည်။ လက်ရှိနိုင်ငံရေး အခြေအနေ အရပ်ရပ်ကို ဗဟို ခေါင်းဆောင်များမှ ရှင်းလင်းပြောကြား ပေးပြီး တက်ရောက်လာသော ဌာနများ၊ အဖွဲ့အစည်းများ မှ မေးမြန်း ဖြေကြား သုံးသပ်ခြင်းများကိုပြုလုပ်ခဲ့ကြပါသည်။
အထူးသဖြင့် လတ်တလော ဖြစ်ပေါ်နေသော စကစ ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် အမြင်သဘောထားများပေးခြင်း နှင့်အတူ တွေ့ဆုံဆွေးနွေးမှုနှင့်ပါတ်သက်၍ ကေအန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ ပေါ်လစီ (Negotiation Policy) ကို ရှင်းပြခဲ့သည်။
ထို့အတူ သတင်းအချက်အလက်များ အရေးကြီးကြောင်း နှင့် သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ သတင်းအသိ၊ သတင်းသတိ များတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူလူထုများထံသို့ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများတို့၏ လှုပ်ရှားဆောင်ရွက်မှုများတို့ကို သတင်းပြန်ကြားပေးနိုင်ရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ဖြစ်လာနိုင်ချေရှိသည့် နိုင်ငံရေးအခင်းအကျင်းများ၊ အလားအလာများ တို့ကို သုံးသပ် ဆွေးနွေးခဲ့ကြပြီး အမြင်သဘောထားများဝေငှခဲ့ကြသည်။ ယခုအစီအစဉ်သည် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ ပညာပေးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးဌာနခွဲ ၏ ပုံမှန် ပြုလုပ်သည့် သတင်းအချက်အလက်များ အသိပေးမျှဝေခြင်း အစီအစဉ် ဖြစ်ပြီး နိုင်ငံရေးစကားဝိုင်း၊ လူငယ်စကားဝိုင်း၊ ကရင်စကားဝိုင်း အစီအစဉ်တို့ကိုလည်း ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။