Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

(၇၃)နှစ်မြောက် ကော်သူးလေနေ့အခမ်းအနားကျင်းပ။


၁၄ ၊ဇွန်လ ၂၀၂၂ ၊ ကေအဲန်ယူ - ဗဟို။
၂၀၂၂ခုနှစ်၊ဇွန်လ(၁၄)ရက်နေ့တွင်ကျရောက်သော (၇၃)နှစ်မြောက် ကော်သူးလေနေ့အခမ်းအနားကို နံနက် ၉နာရီက ကေအဲန်ယူ သေ့ဘေ့ထတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်း အနားသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ပဒိုစောဆဲပွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုမန်းဘထွန်း ၊ ကေအဲန်ယူဗဟိုမှလူကြီးများ၊စစ်ဖက်နယ်ဖက် မှ တာဝန်ရှိသူများနှင့် ပြည်သူများတက်ရောက်ကြပါသည်။

အခမ်းအနားတက်ရောက်သူများနှင့်အတူ ဗိုလ်မှူးစောမိုးဇက်မှဦီးဆောင်ပြီး ကရင်အမျိုးသားအလံတော်နှင့် တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးခဲ့ရသော ကရင်အမျိုးသားအာဇာနည် သူရဲ ကောင်း ရဲဘော်များနှင့် ပြည်သူလူထုများကို အလေးပြုခဲ့ကြပါသည်။

(၇၃)နှစ်မြောက် ကော်သူးလေနေ့ ကျင်းပရေးကော်မတီ ဉကဌ ၊ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အထွေထွေအတွင်းရေးမှူး(၁) ပဒိုစောဆဲပွယ်မှ ကော်သူးလေနေ့ အခမ်းအနား အဖွင့်အမှာစကားပြောကြားပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူစေးဖိုး၏ သဝဏ်လွှာကို ပဒိုမန်းဘထွန်းမှ မြန်မာဘာသာဖြင့်လည်းကောင်း နောမုဂေဖောမှ လည်းကောင်း ဖတ်ကြားခဲ့ပါသည်။ ကော်သူးလေနေ့ဖြစ်ပေါ်လာပုံအကြောင်းကို နော်အယ်နီအောင်မှဖတ်ကြားပြီး ပဒိုစောသမိန်ထွန်းမှ ကော်သူးလေနေ့အကြောင်းကိုပြောကြားခဲ့ပါသည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ စစ်ဉီးစီးပထမတန်း G1 ဗိုလ်မှူးချုပ်စောတာမလာသောတို့မှ ကော်သူးလေနေ့ ဂုဏ်ပြုစကားအသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် မျိုးဆက်သစ်လူငယ်များမှ ဂုဏ်ပြုတေးသီချင်းသီဆိုကြပါသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။