Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ဖာအံခရိုင်၊ မော်ပယ်ခို့ကျေးရွာ အမှတ် (၁) ဖားအံခရိုင်/တပ်မဟာ (၇) အထက်တန်းကျောင်းတွင် ကာယ၊ ညာဏစ နေသင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားပြုလုပ်


စက်တင်ဘာလ (၃) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မော်ပယ်ခို့ ကျေးရွာ အမှတ် (၁) ဖားအံခရိုင်/တပ်မဟာ (၇) အထက်တန်းကျောင်းခန်းမ၌ စက်တင်ဘာလ (၃) ရက်နေ့ တွင် ကာယ၊ဉာဏ်ဏစနေသင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

၎င်းသင်တန်းကျောင်းပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ကျောင်းအုပ်ဆရာကြီး စောအဲ့ကလိုစေးက "အတတ်ပညာဆိုတာ အရေးကြီးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ကျောင်းမှာ သင်ယူခဲ့ရတာတွေဟာ စာတွေ့ပဲများတယ်၊ ခုဒီသင်တန်းကျောင်းမှာ လက်တွေ့နဲ့ပဲသင်မယ်၊ အမျိုးအစားလည်းများတယ်၊ ဒီသင်တန်းကျောင်းဖွင့်နိုင်ဖို့ ကျောင်းစဖွင့်ကတည်းကသက်ဆိုင်ရာနဲ့ ညှိနှိုင်း တိုင်ပင်တွေးနွေးကြတယ်၊ အစကအမျိုးအစား (၁၀) မျိုးကျော်လျာထား‌ပေမဲ့ အကြောင်း အမျိုးအမျိုးကြောင့် ဒီနေ့မှာ သင်တန်းအမျိုးအစား (၉) ခုပဲဖွင့်နိုင်တယ်" ဟုပြောသည်။
ထို့အတူ ၎င်းသင်တန်းကျောင်းတွင် ထိုင်းနှင့်အင်္ဂလိပ်ဘာသာစကား တက်ရောက်သင်ယူနေသူ Grade−12 ကျောင်းသူ နော်ဒါးဖေါမှလည်း "ကျွန်မနာမည် နော်ဒါးဖေါ Grade−12 မှာ ပညာသင်ယူနေတယ်၊ သင်တန်းအမျိုးအစားအများကြီးရှိတဲ့အထဲမှာမှ ထိုင်းဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားစိတ်ဝင်စားလို့ သင်ယူဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က ထိုင်းနယ်စပ်မှာနေတာဆိုတော့ ထိုင်းစာနဲ့ထိုင်းစကားတတ်ဖို့လိုတယ်လေ၊ အင်္ဂလိပ်ဘာသာစကား ကျတော့ ကမ္ဘာသုံးဆိုတော့ တတ်သင့်တယ်ထင်လို့ သင်ယူဖြစ်တယ်" ဟုပြောသည်။
ယနေ့စတင်ဖွင့်လှစ်သည့် ကာယ၊ ညာဏစနေသင်တန်းကျောင်းဖွင့်ပွဲတွင် ဖားအံခရိုင် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး ပဒိုနော်ရှီးဝါး၊ ဖားအံခရိုင် ပညာရေးနှင့်ယဉ်ကျေးမှုဌာနမှူး ပဒိုစောဖလယ်ထူး‌၊ မော်ပယ်ခို့ကျေးရွာဥက္ကဌ အပါအဝင် ကျောင်းသား/ကျောင်းသူ ဆရာ/ဆရာမများ သင်တန်းဆရာ/ဆရာမများတို့မှ တက်ရောက်ခဲ့သည်။

၎င်းသင် တန်းတွင် အခြေခံဂီတာ၊ ပန်းချီ၊ ထိုင်းဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ လက်ဝှေ့၊ ဘောလုံး၊ ကရင်ဘာသာစကား၊ ဗမာဘာသာစကားတို့ဖြင့်ကျောင်းပြင်ပချိန် စနေနေ့တွင်သင်ကြား ပေးမှာ ဖြစ်သည်။