Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

မိခင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထု တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်


နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် မိခင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သော ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီမှ ကေအဲန်ယူ-ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ တကောကျေးရွာ၌ လက်ရှိ နိုင်ငံရေးအခင်းအကျင်း နှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ တို့နှင့်ပါတ်သက်ပြီး လူထုတွေ့ဆုံဆွေးနွေးပွဲ အစီ အစဉ်တရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြုလုပ်ကျင်းပခဲ့သော လူထုတွေ့ဆုံဆွေးနွေးပွဲသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗဟိုအမြဲတမ်းကော်မတီဝင် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး တို့တက်ရောက်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ တပ်မတော်မှ အာဏာသိမ်းယူပြီးအလွန် (၂) နှစ်နီးပါးကာလ လက်ရှိနိုင်ငံရေးအခင်းအကျင်းအောက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရပ်တည်ချက်၊ ဦးတည်ချက်၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်များ နှင့် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှု တို့ကို အသိပေးရှင်းလင်းဆွေးနွေးပေးခဲ့သွားခဲ့သည့် ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲ ဖြစ်သည်။ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ကေအဲန်ယူ၏ နိုင်ငံရေးဦးဆောင်မှုကို မဏ္ဍိုလ်ပြုလျက် ပြန်လည် ပူးပေါင်းလုပ်ဆောင်သွားရန် လမ်းညွှန်ပြောကြားခဲ့သည်။

လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် KNU/KNLA PC မှ ဒုဥက္ကဌ ဗိုလ်ချုပ် ဒေါက်တာနော်ကပေါ်ထူး၊ BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော မဲဆမိတ် ကျောင်းတိုက် ဆရာတော် အရှင်စန္ဒာရ၊ နှစ်ခြင်းခရစ်ယာန်သိက္ခာတော်ရ ဆရာတော် စောဆာစေးဖေါ နှင့် ကရင် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုး တို့မှလည်း သဘာပတိအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်မှ အာဏာသိမ်းမှုအလွန် စစ်ရေး နိုင်ငံရေး အခြေအနေ အရပ်ရပ်အောက်တွင် မိမိတို့၏ အမြင်သဘောထားနှင့် မိမိတို့အဖွဲ့အစည်း၏လုပ်ဆောင်ချက်တို့ကို ပြောကြားသွားခဲ့ပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးဆိုင်ရာနှင့် ပါတ်သက်ပြီး အမှာစကားတိုက်တွန်းလမ်းညွှန် အားပေးစကားများတို့ကို အသီးသီး ပြောကြားပေးခဲ့ ကြပါသည်။

လူထုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသောဆရာတော်တပါးမှနေ၍ (၁၀) နှစ်နီးပါးကြာ ဖွဲ့စည်းပေးလိုက်သည့် ကရင်လက်နက်ကိုင်စည်းလုံး ညီညွတ်ရေးကော်မတီအတွင်း ပါဝင်ဆောင်ရွက် ခဲ့ကြသော ခေါင်းဆောင်များအချို့ သေဆုံးသွားခဲ့ခြင်း၊ အချို့မှာ စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်း အခြေအနေအမျိုးမျိုးအောက်တွင် ပါဝင်နိုင်မှု (နိုင်ခွင့်) မရှိတော့ခြင်းတို့ကြောင့် လှစ်လှပ်မှု လိုအပ်မှုများ ရှိနေသည့်အတွက် ပြန်လည်ဖွဲ့စည်းသင့်မသင့်မေးမြန်းတင်ပြခဲ့မှုအပေါ် ကေအန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ တာဝန်ပေးဖွဲ့စည်းပေးလိုက်ခဲ့သော ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေး ကော်မတီ၏ (၁၀)နှစ် နီးပါးကြာ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများတို့ကို အသိအမှတ်ပြုပြီး ကရင်လက်နက်ကိုင်အဖွဲ့အစည်းများတို့အနေဖြင့် စည်းလုံးညီညွတ်စွာ ပြန်လည်ပေါင်းစည်းနိုင်ရေး အတွက် စည်းလုံးညီညွတ်ရေးအခြေခံမူတရပ်ကို ရေးဆွဲရရှိထားပြီး ဖြစ်ကြောင်း ထိုစည်းလုံး ညီညွတ်ရေး အခြေခံမူအောက်တွင် ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီကို စနစ်တကျ ပြန်လည် ဖွဲ့စည်းသွားရန်လည်း တိုက်တွန်း ပြောကြားသွားခဲ့သည်။

ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် စကစမှ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် မည်သို့သဘောထားသည်ကို သိလိုကြောင်းမေးမြန်းမှုကိုလည်း “ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ တပ်မတော်သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပျက်သွားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည် တတ်ကျွမ်းသည့် ပညာရှင်များတို့သည်လည်း တပ်မတော်မှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပျက်ဆီးသွားခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အာဏာသိမ်း စစ်ကောင်စီမှ တရားဝင်မှုရရှိရေးအတွက်ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းခြင်းသာဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ် နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများတို့ကို အားမပေးကြောင်း” ကေအဲန်ယူ၏ သဘောထားကို ပြန်လည်ရှင်းပြသွားခဲ့သည်။

တက်ရောက်လာကြသော ဖားအံခရိုင် (၅) မြို့နယ်အတွင်းရှိ ပြည်သူလူူူထုများအနေဖြင့် လက်ရှိ အခြေအနေတွင် မိမိတို့ခရိုင် အတွင်း စစ်မက်ဖြစ်ပွားခြင်း၊ လက်နက်ကိုင်တိုက်ပွဲများဖြစ်ပေါ်ခြင်းတို့ကို မလိုလားကြောင်း၊ စစ်ပွဲ၏ အနိဌာရုံကို ခံစား ခဲ့ကြရပြီးဖြစ်ကြောင်း ထို့ကြောင့် စစ်ပွဲများဖြစ်ပေါ်လာခြင်းကို လက်မခံနိုင်ကြောင်း ဆန္ဒသဘောထားများပေးခဲ့သည့်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် လူထု၏ ဆန္ဒသဘောထားကို လေးစားပါကြောင်း ၁၉၄၈ ခုနှစ်တွင် ကရင်အမျိုးသား (၄) သိန်း ကျော်မှ “ပြည်တွင်းစစ်အလိုမရှိ” ဟူ၍ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့သော်လည်း ဖဆပလအစိုးရမှ ဖြေရှင်းလုပ်ဆောင်ခဲ့မှု မရှိသည့် အတွက် လက်နက်ကိုင်တိုက်ပွဲအသွင်သို့ဖြစ်ပေါ်လာစေပြီး ပြည်တွင်းစစ် ပေါ်ပေါက်လာရကြောင်း ယခုတွင်လည်း ဖားအံခရိုင် (၅) မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန္ဒရှိသော်လည်း ၁၉၄၈ ဖြစ်စဉ်ကို ပြန်လည်သတိချပ်စေလိုကြောင်း ပြန်လည်အသိပေးပြောကြားသွားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများတို့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်ရှိ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်၊ ထီလုံမြို့နယ်၊ ဒုံရင်းမြို့နယ်တို့မှ မြို့နယ်ခေါင်းဆောင်များ၊ ကျေးနယ်အုပ်စုမှူးများ၊ ရပ်မိရပ်ဖခေါင်းဆာင်များ နှင့် ပြည်သူလူထုများ စုစုပေါင်း (၁၅၀၀) ကျော် တက်ရောက်ခဲ့ကြသည်။