Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

K.N.U - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မှ (၃၂) နှစ်မြောက် K.N.P.F - ကရင်အမျိုးသားရဲတပ်ဖွဲ့ နေ့ အခမ်းအနားကျင်းပပြုလုပ်

စက်တင်ဘာလ ၉ ရက်၊၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်ရောက်သောက် (၃၂) နှစ်မြောက် K.N.P.F - ရင်အမျိုးသားရဲတပ်ဖွဲ့ နေ့အား ဒူးပလာယာခရိုင် K.N.P.F - ကရင်အမျိုးသားရဲတပ်ဖွဲ့ မှ ကြီးမှူး၍ K.N.U - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ရဲဌာနတွင် ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ ခရိုင် မှ တာဝန်ရှိခေါင်းဆောင်ကြီးများ၊ ခရိုင်အဆင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ မှ အကြီးအကဲများ၊ မြို့နယ်အဆင့် ကရင်အမျိုး သားရဲ တပ်ဖွဲ့ မှ အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိ ခေါင်းဆောင်များ နှင့် ဧည့်သည်တော်များ စုပေါင်းတက်ရောက် ဂုဏ်ပြုခဲ့သည်။

K.N.P.F - ကရင်အမျိုးသားရဲတပ်ဖွဲ့အား စတင်မဖွဲ့စည်းမှီကာလ၌ တရားဥပဒေစိုးမိုးရေးအတွက် K.N.D.O - ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ မှ ရဲလုပ် ငန်းများအား တာဝန်ယူ၍ လုပ်ဆောင်ခဲ့ရသည်။ ထိုအချိန်၌ K.N.D.O - ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် စစ်ရေးနှင့်ပတ်သက်သော တိုက်ခိုက် ရေးလုပ်ငန်းများကိုလည်း တာဝန်ယူခဲ့ရပြန်သည်။ ထိုအချိန်ကာလ၌ ပြည်သူလူထု၏ အသက်အန္တရာယ်၊ အသက်အိုးအိမ်စည်းစိမ် နှင့် ဘဝလုံခြုံမှုအတွက် ကာကွယ်ရန်သာမကပဲ မှုခင်းအကြောင်းအရာ ပေါ်ပေါက်လာပါက K.N.D.O - ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည်ပင် တာဝန်ယူ၍ လုပ်ဆောင် ခဲ့ရသည်။ ထို့ကြောင့် K.N.D.O - ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်များလာသည့်အပေါ် K.N.P.F - ကရင်အမျိုးသားရဲတပ်ဖွဲ့အား မရှိမဖြစ် ဖွဲ့စည်းရန် လိုအပ်လာသည့်အတွက် K.N.U - ကရင်အမျိုးသားအစည်းအရုံး၏ (၁၀) ကြိမ်မြောက် ကွန်ကရက် (၁၉၉၁) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် K.N.P.F - ကရင်အမျိုးသားရဲတပ်ဖွဲ့အား စတင်ဖွဲ့စည်းခဲ့သည်။

K.N.U - ကရင်အမျိုးသားအစည်းအရုံး မှ K.N.P.F - ကရင်အမျိုးသားရဲတပ်ဖွဲ့အား ဖွဲ့စည်းတည်ဆောက်ရခြင်းသည် ပြည်သူလူထု၏လုံခြုံရေး နှင့် ဘဝ အေးချမ်းသာယာရေးအပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား အန္တရာယ်ပြု ဖျက်ဆီးလာမည့် လူဆိုးသူခိုးများ၏ ဘေးမှ ကာကွယ်စောင့် ရှောက်ခြင်းအား​ဖြင့် မိမိတို့၏ ကရင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေးအပြင် တရားဥပဒေ ချိုးဖောက်မှုများ ​ဖြစ်ပေါ်လာပါက တရားဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းသွားနိုင်ရန်ဖြစ်သည်။



သတင်းအရင်းအမြစ် - ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး။