Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

KYO-ကရင်လူငယ်အစည်းအရုံး သထုံမြို့နယ်ဖလား ဘောလုံးအားကစားပွဲ ကျင်းပပြုလုပ်


ဇူလိုင်လ (၂၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁) ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၁)ရက်မှ (၂၂)ရက်နေ့အထိ နှစ်ရက်တာ သထုံမြို့နယ် ကရင်လူငယ်အစည်းအရုံး (Karen Youth Organization-KYO) ဖလား ဘောလုံးအားကစားပွဲတစ်ရပ်အား ကေအဲန်ယူ-သထုံ မြို့နယ် ခေါင်းဆောင်များနှင့် မြို့နယ် KYO မှဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ် ကရင်လူငယ်အစည်းအရုံးဖလား ဘောလုံးအားကစားပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ ကေအဲန်ယူ-သထုံမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းရှိ ကရင်လူငယ်ဖြစ်စေ၊ အခြားသောလူမျိုးစု လူငယ် ဖြစ်စေ အချင်းချင်း ချိတ်ဆက်လုပ်ဆောင်မှုနှင့် စည်းလုံးညီညွတ်မှုပိုမိုအားကောင်းလာစေရန်၊ ချစ်ကြည် ရင်းနှီးမှုပိုမိုအားကောင်းလာစေရန် သာမက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် KYO-ကရင် လူငယ်အစည်းအရုံး၏ ဖြစ်တည်လုပ်ဆောင်မှု၊ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှု များအား အထောက်ကူပြုနိုင်ရန် ဖြစ်သည်ဟု သထုံမြို့နယ် KYO ဥက္ကဌ-စောဘိုဘိုဆန်းမှပြောသည်။

ဘောလုံးပွဲအား ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့နံနက်ပိုင်းတွင် အခမ်းအနားကျင်းပကာ ဖွင့်လှစ် ပေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ခေါင်းဆောင်များ၊ ကျေးနယ်ခေါင်းဆောင်များ၊ ခရိုင်၊ မြို့နယ် KYO-ကရင်လူငယ်အစည်းအရုံး တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်မည့် အားကစားလူငယ်အသင်းများနှင့် ရပ်မိ ရပ်ဖများ စုစုပေါင်း လူဦးရေ (၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

ဘောလုံးပွဲတွင် အားကစားဝတ်စုံနှင့် ပွဲကျင်းပချိန်၌ ခေါက်ဆွဲကြော်၊ အအေး၊ ရေသန့်များကိုလည်း သထုံမြို့နယ် KYO မှ အစည်းအရုံး ရန်ပုံငွေအဖြစ် ရောင်းချပေးခဲ့သည်။ကေအဲန်ယူ-သထုံမြို့နယ်တွင်းရှိ ဝီယော်၊ ကော့လှိုင်း၊ မင်းလွင်၊ ကြခတ်ချောင်း၊ ဝင်းဖုန်း၊ မတ်ချ စသည့် ကျေးနယ် (၆)ခု၊ မြို့နယ် KYOနှင့် မြို့နယ် တပ်ရင်း တို့မှ ကိုယ်စားပြု ပြိုင်ပွဲဝင် အသင်း စုစုပေါင်း (၈)သင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပထမဆုဖလားနှင့် ငွေကျပ် (၂)သိန်း၊ ဒုတိယဆု ငွေကျပ် (၁)သိန်းခွဲ၊ တတိယဆု ငွေကျပ် (၁)သိန်းနှင့် နှစ်သိမ့်ဆု ငွေကျပ် (၂)သောင်းကျပ်(၂)ဆု တို့အား ပါဝင်ယှဥ်ပြိုင်ကြသည့် ဘောလုံးအသင်းများကို ပေးအပ်ချီးမြှင့် ခဲ့သည်။

မြို့နယ် KYO ဖလားဘောလုံးပြိုင်ပွဲအား ကေအဲန်ယူ-သထုံမြို့နယ် အုပ်ချုပ်မှုနယ်မြေ အတွင်းရှိ ကျေးနယ် (၁၅) ခု စလုံးဖိတ်ခေါ် ခဲ့သော်လည်း မြို့နယ်အတွင်း စစ်ကောင်စီတပ်များမှ လက်နက်ကြီး များဖြင့် မကြာခဏရမ်းသမ်းပစ်ခတ်ခြင်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေခြင်းကြောင့် အခြေ အနေအရ ကျေးနယ် (၆)ခုသာ လာရောက်ယှဥ်ပြိုင်နိုင်ကြောင်းသိရသည်။

သတင်းအရင်းအမြစ်− ဒူးသထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။