Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

မူးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၅) စုတွင် (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နေ့ ကျင်းပပြုလုပ်


ဇူလိုင်လ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ် အတွင်းရှိ ရေလဲ ကျေးရွာအုပ်စု၊ လူအ ကျေးရွာအုပ်စု၊ ဝဲကြီး ကျေးရွာအုပ်စု၊ ထွနီကုန်း ကျေးရွာအုပ်စု နှင့် ယူလိုကျေးရွာအုပ်စု တို့တွင် (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O) နေ့ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မူးမြို့နယ်၊ တပ်ရင်း (၈) ရှိ တာဝန်ရှိ ခေါင်းဆောင်များနှင့် ကျေးရွာ တာဝန်ရှိ ခေါင်းဆောင်များ၊ ဒေသခံပြည်သူလူထုများမှ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။ အခမ်းအနားတွင် ဝတ်ပြုဆုတောင်းခြင်းနှင့် ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား ကျင်းပပြုလုပ်ခဲ့သော ကျေးရွာ အုပ်စု (၅) စုတွင် လူဦးရေ စုစုပေါင်း (၅၀၀) ကျော် တက်ရောက် ဂုဏ်ပြု ခဲ့ကြသည်။

သတင်းအရင်းအမြစ်− ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။