Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

လယ်ဒိုမြို့နယ်တွင် (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နေ့ ကျင်းပ ပြုလုပ်


ဇူလိုင်လ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ်အတွင်းရှိ လော်မူသော အထက်တန်းကျောင်းနှင့် ပယ်ဖိုးခီးအထက်ကျောင်း တို့တွင် (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နေ့ ကျင်းပပြုလုပ်ခဲ့သည်။

ကေအဲန်ယူ−လယ်ဒိုမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ လော်မူသော အထက်တန်းကျောင်းတွင် ပြုလုပ်သော (၇၆) နှစ်မြောက် ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O) နေ့ အခမ်းအနားသို့ ခလယ်လွီထူခရိုင် ကိုယ်စားလှယ် ပဒိုစောဆာကူး၊ မြို့နယ်ကိုယ်စားလှယ် ပဒိုစောဝါးမူးဇက်၊ တပ်မဟာ (၃) ဗျူဟာမှူး ဗိုလ်မှူးကြီး စောကပေါ်ဝါး၊ KNDO တပ်ရင်း (၃) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောလှရွှေဟဲ၊ KNLA တပ်ရင်း (၉) ကိုယ်စာလှယ်များဖြစ်သော ဗိုလ်ကြီးစောလားထူးနှင့် အခြားတာဝန်ရှိခေါင်းဆောင်များ၊ ကျောင်းသူကျောင်းသားများနှင့် ဒေသခံ ပြည်သူလူထု စုစု ပေါင်း (၆၀၀) ကျော် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။ အခမ်းနား၏ ပထမပိုင်းအဖြစ် ဟောပြောပွဲ ဒုတိယပိုင်းအဖြစ် လူငယ်များ၏ ဆန္ဒထုတ်ဖော်ခြင်း နှင့် လူငယ်ဘောလုံးကစားပွဲ အပါအဝင် (၃)ပိုင်း ခွဲကာကျင်းပပြီး အခမ်းအနား ကို ပိတ်သိမ်းခဲ့ကြသည်။

လူငယ်များဆန္ဒထုတ်ဖော်ရာတွင် အောက်ဖော်ပြပါ အချက် (၆) ချက်အား တောင်းဆိုခဲ့သည်။ ၎င်းတို့မှာ (၁) လွတ်လပ်စွာ ပညာသင်ကြားချင်တယ် (၂) မဟာလူမျိုးကြီးဝါဒအလိုမရှိ (၃) အကြဖမ်းဖက်မှုနှင့် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ချက်ချင်းရပ် (၄) တန်းတူအခွင့်အရေးအလိုရှိ (၅) မိခင်နှင့် ကလေး အတွက် အခွင့်အရေးအလိုရှိ (၆) ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အလိုရှိ တို့ဖြစ်ကြသည်။

ကေအဲန်ယူ−လယ်ဒိုမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပယ်ပိုးခီး အထက်တန်းကျောင်းတွင် ပြုလုပ် သော (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O) နေ့အခမ်းအနားသို့ ကေအဲန်ယူ− လယ်ဒိုမြို့နယ် ဥက္ကဌ ပဒိုစောလာဖိုး၊ အတွင်းရေးမှူး ပဒိုစောဝါးစေး၊ တွဲဖက်အတွင်းရေးမှူး ပဒို စောကြည်ဟဲ၊ ကျောင်းသူကျောင်းသား များနှင့် ဒေသခံ ပြည်သူလူထု စုစုပေါင်း (၂၀၀) ကျော် တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။ အခမ်းအနား၏ အစီအစဉ် များ အဖြစ် ဝတ်ပြုဆုတောင်းခြင်းနှင့် ဟောပြောပွဲများကိုပြုလုပ်ကျင်းကခဲ့ကြသည်။

သတင်းအရင်းအမြစ်− ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။