Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ−ဒူးသထူခရိုင်တွင် ခရိုင်အဆင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့


ဒီဇင်ဘာလ (၂၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ဘီးလင်း မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ ခရိုင် ခေါင်းဆောင်များနှင့် ခရိုင် အဆင့် ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ဦးဆောင်၍ ခရိုင်အတွင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF-Karen National Police Force) ၏ လုပ်ငန်းပိုင်းဆိုင်ရာ အစည်းအဝေးအား (၃) ရက်တာ ကျင်းပပြုလုပ် ခဲ့သည်။

ထိုအစည်းဝေးအား ကေအဲန်ယူ−ဒူးသထူခရိုင်၏ (၁၂) ကြိမ်မြောက် ကွန်ကရက်ပြီးနောက် ကော်သူးလေ ရဲဌာန အနေဖြင့် ပထမအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးတွင် အကြောင်းအရာ ခေါင်းစဥ် (၁၈)ချက်ဖြင့် အကြေအလည်ဆွေးနွေးခဲ့ကာ ဆုံးဖြတ်ချက် (၁၇)ချက် ချမှတ်နိုင်ခဲ့သည်။

အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ကေအဲန်ယူ-ဒူးသထူခရိုင်အတွင်းရှိ ပြည်သူလူထု လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဥ်များကို ပိုမိုအားကောင်းစွာ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-ဒူးသထူခရိုင်၏ ရဲမင်းကြီးစောဆာဘော နော် မှ ပြောသည်။

ထိုအစည်းအဝေးသို့ ခရိုင်၊ တပ်မဟာ၊ မြို့နယ် ခေါင်းဆောင်များ၊ တရားရေး၊ KWO၊ KYOနှင့် သတင်း ဌာနခွဲမှ တာဝန်ရှိ ခေါင်းဆောင်များ စုစုပေါင်း လူဦးရေ (၄၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဓါတ်ပုံ − ကေအဲန်ယူ−ဒူးသထူခရိုင်တွင် ခရိုင်အဆင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) အစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့သည့်ပုံရိပ်များ။
သတင်းအရင်းအမြစ် − ဒူးသထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။