Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို KNDO စစ်ဌာနချုပ်နေရာ၌ ကျင်းပပြုလုပ်


ဇန်နဝါရီ (၁၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်တွင်ကျရောက်သော ၂၇၆၃ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို KNDO စစ်ဌာနချုပ်နေရာ၌ကျင်းပပြုလုပ်ခဲ့ပါ သည်။ အခမ်းအနား အစီအစဉ်ကို နံနက် (၆း၃၀) အချိန်တွင်စတင်၍ အခမ်းအနားမှူးအဖြစ် ဆရာေစာဂျက်ပစီမှ ဆောင်ရွက်ခဲ့ပြီးအခမ်းအနား အစီအ စဉ်တွင် ကရင့်အမျိုးသားအလံတော် လွင့်တင်ခြင်း နှင့် ဗိုလ်ကြီး တစ်ဦးမှ ဦးဆောင်ပြီး ကရင်အမျိုးသားအလံတော် အလေးပြုခြင်းများဖြင့် စတင်ခဲ့ပါသည်။

ထို့နောက် အဖွင့်အမှာစကားကို မှ ပြောကြားပြီးမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဥ်း နှင့် ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူး နေ့သို့ ပေးပို့သော ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း၏ မိန့်ခွန်းကို ဆရာ စောဆာလာမူ ဖတ်ကြားခဲ့ပါသည်။

ထိုမှတဖန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှ ခေါင်းဆောင်များဖြစ်ကြသော ပဒို စောအယ်ကလူစေး KNU-ကရင်အမျိုးသားအစည်း အရုံး ဗဟိုအလှုပ်အမှုေဆာင် ကော်မတီနှင့် ဗိုလ်မှူးချုပ် စောရှီးလေ သိက္ခာတော်ရ ဆရာတော် စောဘောထူးတို့မှတိုက်တွန်းအားပေးစကားများ ပြောကြား ခဲ့ကြပါသည်။

ထို့နောက် အပိတ်အမှာစကားကို အခမ်းအနားမှူး ဆရာစောဂျက်ပစီမှ ပြောကြားကာ ကရင်အမျိုးသား သီချင်းကို သီဆိုပြီး အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါ သည်။ ၂၇၆၃ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပြည်သူလူထုပေါင်း ၂၀၀ ခန့် တက်ရောက် ဂုဏ်ပြုသည့်အပြင် ကရင်လူငယ်များ နှင့် ကျောင်းသူ/ကျောင်းသားများလဲ တက်ရောက်ကာ ဂုဏ်ပြု တေးသီချင်းများသီဆိုခဲ့ကြပါသည်။

ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။