Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

(၉) ကြိမ်မြောက် မျိုးဆက်သစ်ခေါင်းဆောင်သင်တန်း ကျောင်း၏ ကျောင်းဆင်းပွဲ ကျင်းပပြုလုပ်ခြင်း

ဇွန်နဝါရီလ (၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ-ဗဟို

၂၀၂၄ ခုနှစ်၊ ဇွန်နဝါရီလ (၂၂) ရက်နေ့၊ မနက်(၈) နာရီအချိန်တွင် ကေအဲယူန်-ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှဖွင့်လစ်ထားသော (၉)ကြိမ်မြောက် မျိုးဆက်သစ်ခေါင်းဆောင် သင်တန်းကျောင်း၏ ကျောင်းဆင်းပွဲကို ကေအဲန်ယူ-ဗဟိုမှာပြုလုပ်ခဲ့သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ် မြေအတွင်းရှိ ခရိုင်၊ တပ်မဟာ (၇) ခုမှ တစ်ခရိုင်ကို (၅)ဦးသတ်မှတ်၍ ၊ KYO၊ KWO၊ KNLA၊ KNU-ဗဟို လူငယ်များလည်း ကိုယ်စားပြုတက်ရောက်ခဲ့သည်။ ကျောင်းသူ/သားများအရည်အချင်းနှင့် အသက်ကို သတ်မှတ်သည့်အတိုင်း ပေးပို့လာရသည်။ သင်တန်းကျောင်းမှာ နိုင်ငံရေး၊ စစ်ရေး၊ ကရင့်သမိုင်းနှင့် အခြားဘာသာရပ်များလည်း လေ့လာသင်ယူရသည်။ ယခုလို မျိုးဆက်သစ် ခေါင်းဆောင်သင်တန်းကျောင်းမှ သတ်မှတ်ကာလ ပြည့်၍ ကျောင်းဆင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။

ကျောင်းဆင်းပွဲ၏ အခမ်းနားမှူးအဖြစ် ဆရာမ နော်ဖောဂေခုနှင့် ဆရာစောဆူးခက်တို့ဖြစ်ပြီး အစီအစဥ်ကိုမစမှီ ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် (ဗဟို) စစ်ဌာနချုပ်မှ ဗိုလ်ကြီး စောရဲဗိုလ် အမိန့်ပေး၍ ကရင်အမျိုးသားအလံ တော်ကို အလေးပြုခဲ့သည်။

သဘာပတိအဖြစ် ပဒိုစောလှထွန်း ကေအဲန်ယူ-(ဗဟို) အထွေထွေတွဲဖက်အတွင်းရေးမှူး (၂) မှ အဖွင့်မိန့်ခွန်း ပြောပြီးနောက် မျိုးဆက်သစ်ခေါင်းဆောင် သင်တန်း ကျောင်း၏ ကျောင်းသူ/သားများကို ဂုဏ်ပြုအောင်လက်မှတ်များချီးမြင့်အပ်နှင်းခဲ့သည်။

၎င်းအစီအစဉ်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ကေအဲန်ယူ-ဗဟို ခေါင်းဆောင်များဖြစ်သည့် ပဒို စောကလယ်စေး၊ ပဒိုနော်ဒါးဒါး၊ ပဒိုမန်းကနဲဒီ၊ ပဒိုစောသမိန်ထွန်း၊ ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောတာမလာသော၊ ဗိုလ်မှူးချုပ်စောဖောဒိုတို့မှ ခေါင်းဆောင်အသီးသီး ဂုဏ်ပြုအား ပေးစကားများ ပြောကြားခဲ့ပါသည်။

ကျောင်းဆင်းပွဲ အစီအစဥ်ကို မနက်(၈)နာရီမှ နေ့လယ် (၁၂) နာရီထိ အောင်မြင်စွာပြုလုပ်ခဲ့ပါသည်။