Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ−ဒူးသထူခရိုင်တွင် ကျေးနယ်အုပ်စုအဆင့် ကရင်လူငယ်အစည်းအရုံး(Karen Youth Organization−KYO) ကွန်ကရက် ကျင်းပပြုလုပ်ခဲ့

ဖေဖော်ဝါရီလ (၇) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ခရိုင်နှင့် မြို့နယ် KYO ခေါင်းဆောင်များမှ ဦးဆောင်၍ ကေအဲန်ယူ-သထုံမြို့နယ်တွင် ကျေးနယ် (၁၅)ခုရှိသည့်အနက် ကျေးနယ် (၆) ခုအား ကျေးနယ်အဆင့် KYO-ကရင်လူငယ်အစည်းအရုံး ကွန်ကရက်များ ပြုလုပ်၍ ဖွဲ့စည်းပေးခဲ့သည်။

ကေအဲန်ယူ-သထုံမြို့နယ်တွင် ကျေးနယ်အဆင့် KYO-ကရင်လူငယ်အစည်းအရုံးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့ တွင် ကျောက်တောင်ကျေးနယ်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့တွင် ဝီယော်ကျေးနယ်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ တွင် ကော့လှိုင်းကျေးနယ်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ တွင် ဓနုကျေးနယ်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ တွင် မတ်ချကျေးနယ်၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့ တွင် မင်းလွင်ကျေးနယ် စုစုပေါင်း ကျေးနယ် (၆)ခုအား အလုပ်အမှုဆောင်ကော်မတီဝင် (၅)ဦးနှင့် အမြဲတမ်းကော်မတီဝင် (၁၁)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ကျေးနယ်အဆင့် KYO အလုပ်မှုဆောင်ကော်မတီနှင့် အမြဲတမ်းကော်မတီ ဖွဲ့စည်းခြင်းနှင့် တစ်ပြိုင်နက် ကျေးနယ်အသီးသီး၏ (၂) နှစ်တာအတွင်း လုပ် ဆောင်အကောင် အထည်ဖော်မည့် ရှေ့လုပ်ငန်းစဥ်များကိုလည်း ချမှတ်ခဲ့သည်။

အလုပ်အမှုဆောင်ကော်မတီဝင် (၅)ဦးမှာ ကရင်လူငယ်အစည်းအရုံး၏ ဥက္ကဌ၊ အတွင်းရေးမှူး၊ စည်းရုံးရေးနှင့်ပြန်ကြားရေးတာဝန်ခံ၊ လူမှုရေးတာဝန်ခံ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံတို့ ဖြစ်သည်။

ဓါတ်ပုံ − ကျေးနယ်အုပ်စုအဆင့် ကရင်လူငယ်အစည်းအရုံး(Karen Youth Organization-KYO) ကွန်ကရက် ကျင်းပပြုလုပ်ခြင်း ပုံရိပ်များ။
သတင်းအရင်းအမြစ် − ဒူးသထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။