Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

(၇၇) နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ၌ ပြုလုပ်ကျင်းပ။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅၊ ကေအဲန်ယူ-ဗဟို။

ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၌ကျရောက်သော ၇၇ နှစ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နေ့အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) တွင်ကျင်းပပြုလုပ်ပြီး အခမ်းအနားမှူးအဖြစ် ဆရာမ နော်အယ်ဖောဝါးနှင့် ဆရာမ နော်ရှီးမူးသော တို့ တာဝန်ယူခဲ့ကြပါသည်။

အခမ်းအနား၌ ခေါင်းဆောင်များနှင့် ဧည့်သည်တော်များ နေရာယူအပြီးတွင် ဗိုလ်ကြီး စောဆာသယူ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားအလံတော်အား အလေးပြုခဲ့ကြပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောကလယ်စေးမှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဉက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှ ၇၇ နှစ်ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ ဂုဏ်ပြုမိန့်ခွန်းစကား ပြောကြားခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံးဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအား ဆရာစောဆာလားမူ မှ ဖတ်ကြားပေးခဲ့ပါသည်။

ထို့ပြင် ပဒိုနော်ဒါးဒါး (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီ)၊ ပဒိုစောသမိန်ထွန်း (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီ)၊ ဒုဗိုလ်မှူးကြီး စောအောင်စည်(KNLA-ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်) ၊စောဉက္ကာ (ကရင်လူငယ်အစည်းအရုံး) နှင့် နော်ချစ်ကလျာစိုး (ကရင်အမျိုးသမီးအစည်းအရုံး) တို့မှ ၇၇ နှစ်ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ အား ဂုဏ်ပြုစကားပြောကြားခဲ့ပါသည်။ ဂုဏ်ပြုစကားပြောကြားပြီးနောက် ပေးပို့လာသောသဝဏ်လွှာများအား ဖတ်ကြားခဲ့ပြီး အခမ်းအနားအား ကရင်အမျိုးသားသီချင်းဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားတွင် ကရင်အနုသုခုမအသင်း (KAA) မှ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး လူဦးရေ ၁၅၀ ကျော်တက်ရောက်ခဲ့ကြပါသည်။