Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

(၂၄) ကြိမ်မြောက် ခလယ်လွီထူခရိုင် ကွန်ကရက်တွင်ရွေးချယ်တင်မြှောက်ခဲ့သော ခေါင်းဆောင်များ

ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်ဌာနချုပ်တွင် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၁၂) ရက်ကြာ (၂၄) ကြိမ်မြောက်ကွန်ကရက်ကို အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့သည်။ ကွန်ကရက်တွင် ကိုယ်စားလှယ်စုစုပေါင်း(၈၅)ဦးတက်ရောက်ခဲ့ပြီး ကွန်ကရက်တွင် ၂၀၂၄ခုနှစ်မှ ၂၀၂၈အထိ ဆက်လက်တာဝန်ယူ ဦးဆောင်မည့် ရွေးကောက်ခံရသည့် အမြဲတမ်းကော်မတီ(၂၁)ဦးကိုလည်း ရွေးချယ်တင်မြှောက်နိုင်ခဲ့သည်။

(၂၄) ကြိမ်မြောက် ခလယ်လွီထူခရိုင် ကွန်ကရက်တွင် ရွေးချယ် တပ်မြှောက်ခဲ့သော အမြဲတမ်းကော်မတီဝင် (၂၁) ဦး၏ အမည်နှင့်ရာထူးမှာအောက်ပါအတိုင်းဖြစ်သည်−

(၁) ပဒိုစောအယ်ကလူသိန်း − ခရိုင်ဥက္ကဌ
(၂) ဗိုလ်မှူးချုပ်စောလေးတရော် − ခရိုင်ဒုဥက္ကဌ၊ တပ်မဟာ(၃) တပ်မဟာမှူး
(၃) ပဒိုစောလာဖိုး − ခရိုင်အတွင်းရေးမှူး
(၄) ပဒိုစောနဲထူးဗျိုင်း − ခရိုင်တွဲဖက်အတွင်းရေးမှူး
(၅) ပဒိုစောခါးမဲ − ခရိုင်တရားသူကြီး
(၆) ပဒိုစောဖလယ်ဂေး − ဘဏ္ဍာရေးဌာနမှူး
(၇) ပဒိုစောဟဲဂေး − လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှူး
(၈) ပဒိုစောဝါးရေတိုး − ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနမှူး
(၉) ပဒိုစောခဲလ်ဘီး − လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနမှူး
(၁၀) ပဒိုစောဆာကူး − သစ်တောဌာနမှူး
(၁၁) ပဒိုစောလာစေး − ပညာရေးနှင့် ယဥ်ကျေးမှုဌာနမှူး
(၁၂) ပဒိုစောဂျော့ − မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှူး
(၁၃) ပဒိုစောဖားရဲး − ဆောထိမြို့နယ်ဥက္ကဌ
(၁၄) ပဒိုစောမွီဟဲ − မူးမြို့နယ်ဥက္ကဌ
(၁၅) ပဒိုစောလှရွှေဟဲ − လယ်ဒိုမြို့နယ်ဥက္ကဌ
(၁၆) ဒုဗိုလ်မှူးကြီးစောဆန်းဝင်း − ဆောထိမြို့နယ်ဒုဥက္ကဌ၊ KNLA တပ်ရင်း(၇) တပ်ရင်းမှူး
(၁၇) ဒုဗိုလ်မှူးကြီးစောအောင်ဇော်လင်း − လယ်ဒိုမြို့နယ်ဒုဥက္ကဌ၊ KNLA တပ်ရင်း(၉) တပ်ရင်းမှူး
(၁၈) ပဒိုနော်လူးလူဖော − ပညာရေးနှင့်ယဉ်ကျေးမှုဌာန အတွင်းရေးမှူး
(၁၉) ပဒိုနော်ဖောကဘလာထူး − ဘဏ္ဍာရေးဌာနအတွင်းရေးမှူး
(၂၀) ပဒိုစောတောဒိုစိုး − ရုံးအုပ်
(၂၁) ပဒိုနော်ခရစ်နေမူး − ခရိုင်ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌ တို့ဖြစ်ကြသည်။

ဓါတ်ပုံ − (၂၄) ကြိမ်မြောက် ခလယ်လွီထူခရိုင် ကွန်ကရက်တွင်ရွေးချယ်တင်မြှောက်ခဲ့သော ခေါင်းဆောင် များ။
သတင်းအရင်းအမြစ် − ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။