Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

ပညာပေး စည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီ မှ ဦးဆောင် ကျင်းပသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ပေါ်လစီ TOT သင်တန်းအား ကျင်းပပြုလုပ်ပြီးစီး

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နိုင်ငံရေးနှင့် စည်းရုံးရေး ကော်မတီ လက်အောက်ရှိ ပညာပေး စည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီ မှ ဦးဆောင်ကျင်းပသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးချဉ်းကပ်မှု၊ နိုင်ငံရေးရပ်တည်ချက်များနှင့် ဦးတည်ချက် များကို ဗဟို၊ခရိုင်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးများကြား နားလည်မှုတစ်ပုံစံတည်း တူညီစေရန် နှင့် ပြန်လည်ချပြနိုင်ရန်ရည်ရွယ်ချက်ဖြင့် KNU Policy TOT သင်တန်းအား တစ်လတာကျင်းပပြုလုပ်ခဲ့ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားအား ထိုနေ့ ညနေ ၃း၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမှူးများအဖြစ် ဆရာစောဆာလားမူနှင့် ဆရာမနော်အယ်ဖောဝါး (ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီ-ဗဟို)မှ ဦးဆောင်ခဲ့ကြပြီး ခေါင်းဆောင်များနှင့် ဧည့်သည်တော်များ နေရာယူအပြီးတွင် ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီခေါင်းဆောင် နှင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တွဲဖက်အတွင်းရေးမှူး ၂ ဖြစ်သူ ပဒိုစောလှထွန်း မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ထို့နောက် TOT သင်တန်းအားတက်ရောက်ခဲ့သူ ဆရာစောဆဲနေစေးမှ သင်တန်းကာလအတွင်း လှုပ်ရှားမှုများ၊ သင်ကြားပို့ချခဲ့မှုများ အား အကျဉ်းချုပ်ပြောကြားပြီးနောက် သင်တန်းသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့သည်။

ထို့ပြင် နိုင်ငံရေးနှင့် စည်းရုံးရေး ကော်မတီခေါင်းဆောင်နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖြစ်သူ ပဒိုစောကွယ်ထူးဝင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို အမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNLA) ဗဟိုစစ်ဌာနချုပ် မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းဖန်းလုံ့ဟိန်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်ပဒိုအယ်ကလူစေး နှင့် ကရင်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ဖြစ်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်ပဒိုစောလယ်နယ် တို့မှ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့သည်။

ထို့နောက်တွင် ပညာပေးစည်းရုံးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီဝင် ဆရာစောဆာလားမူ မှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်း အနား အား ကရင်အမျိုးသားသီချင်းဖြင့် အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။ အခမ်အနားသို့ လူဦးရေ ၁၀၀ ကျော်တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး TOT သင်တန်းသားများနှင့် ကရင်လူငယ်အစည်းအရုံးမှ အဖွဲ့ဝင်များက ဂုဏ်ပြုသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။