Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

ကော်သူးလေဗဟိုမြေယာကော်မတီ(KCLC)၏ (၃) ကြိမ်မြောက် အစည်းအဝေးကျင်ပပြုလုပ်ပြီးစီး

မေလ (၂၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကော်သူးလေဗဟိုမြေယာကော်မတီ (KCLC) အနေဖြင့် မေလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့ အထိ (၃)ရက်တာအတွင်း ကော်သူးလေမြေယာမူဝါဒကို ပြန်၍ သုံးသပ်ပြင်ဆင်ခြင်း၊ ကော်သူးလေဗဟို မြေယာကော်မတီဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများကို ပြန်လည် သုံးသပ်ခြင်းတို့အား ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် ကော်သူးလေဗဟိုမြေယာကော်မတီ၏ ဥက္ကဌ ဗဒိုစောအယ်ကလူးစေး ကော်မတီအဖွဲ့ဝင် တာဝန်ရှိသူများ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (၁၇)ကြိမ်မြောက် ကွန်ကရက်အပြီး ကော်သူးလေဗဟို မြေယာကော်မတီ အစည်းအဝေးအား (၃) ကြိမ်ခန့် ဆောင်ရွက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ကိုလည်း ချမှတ် ဆောင်ရွက်နိုင်ခဲ့ပါသည်။