Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Departments

ဖားအံခရိုင်တွင် သစ်တောဆိုင်ရာရှင်းလင်းချပြခြင်းအစည်းအဝေးကျင်ပြပြုလုပ်ပြီးစီး

မေလ (၇)ရက်၊ ၂၀၂၄ ခုနှစ်၊ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေ၊ ဖားအံခရိုင်တွင် ဗဟိုသစ်တောဌာနမှ ဦးဆောင်၍မေလ (၁)ရက်နေ့မှ(၃)ရက်နေ့အထိ(၃)ရက်တာအတွင်း သစ်တောဆိုင်ရာ ရှင်းလင်းချပြခြင်း အစည်းအဝေးပြုလုပ်ခဲ့ပါသည်။အစည်းအဝေးကို ခရိုင်နှင့်မြို့နယ်အဆင့် သစ်တောဌာနမှ တာဝန်ရှိသူများ စုစုပေါင်း ( ၂၇)ဦးတက်ရောက်ခဲ့သည်။

အစည်အဝေးတွင် ခရိုင်သစ်တောဌာန၏ လက်ရှိအခြေနေ အကျဉ်းချုပ်ကို တင်ပြခြင်း၊ (၄) နှစ်တာကာလတွင်း သစ်တောဌာနကဏ္ဍမဟာဗျူဟာမြောက် လုပ်ငန်းစီမံချက်များကို ရှင်းလင်း တင်ပြခြင်း၊ ရေဝေရေလဲဒေသ စီမံအုပ်ချုပ်ခြင်းဆိုင်ရာလုပ်ငန်းညွှန်း ရှင်းလင်းတင်ပြခြင်း၊ ကျေးရွာပိုင်ဘုံသစ်တော ထူထောင်ခြင်းဆိုင်ရာလုပ်ငန်းလမ်းညွှန်းအပေါ် ရှင်းလင်းတင်ပြခြင်း၊ သစ်တောမူဝါဒ (ပေါ်လစီ)စသည့်တို့ကို ဗဟိုသစ်တောဌာနမှူးပဒိုမန်းဘထွန်းမှ ရှင်းလင်းချပြ ဆွေးနွေးခဲ့သည်။