Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ဖမ်းဆီးရရှိသည့် ကာလတန်ကြေးသိန်း(၇၀၀)ကျော်မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ဧပြီလ(၄)ရက်၊၂၀၂၄ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

ဧပြီလ(၃)ရက် နံနက်(၉း၀၀)နာရီအချိန်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်/တပ်ရင်း(၈) ဒေသအတွင်း ဖမ်းဆီးရရှိ သည့် မူးယစ်ဆေးဝါး များကိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတာဝန်ရှိသူများမှ မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါဖမ်းဆီးရရှိခဲ့သည့် မူးယစ်ဆေးဝါးများကို ကေအဲန်ယူ-မူးမြို့နယ်/တပ်ရင်း(၈) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတာဝန်ရှိသူများ, (KNLA) တပ်ပိုင်းဆိုင်ရာခေါင်းဆောင် များနှင့်အတူ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) တာဝန်ရှိခေါင်းဆောင်များ ဦးစီး၍ မူး ယစ်ဆေးဝါးတိုက်ဖျက်ခေါင်းစဉ် ဖြင့် မီးရှို့ဖျက်ဆီး ပစ်ခဲ့သည်။

ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများအနက် ဆေးခြောက်,ဆေးပြားများအပြင် အရက်သေစာများလည်းပါ ဝင်ခဲ့ပြီး ကာလတန်ကြေး စုစုပေါင်းသိန်း(၇၀၀) ကျော်ခန့်ရှိသည်။ လက်ရှိအချိန်တွင် ကေအဲန်ယူ-မူးမြို့နယ်/တပ်ရင်(၈)ဒေသအတွင်း မူးယစ်ဆေးဝါးများ ဝယ်ယူ,ရောင်းချ, သုံးစွဲခြင်းများကို တင်းကြပ်စွာ ပိတ်ပင်တားပြီး ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများ အား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှ ပြဌာန်း ထားသည့် မူးယစ်ဆေးဝါးအထူးအက်ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။