Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

ကရင်လူငယ်အစည်းအရုံး ဗဟို ၌ (၃၅) နှစ်ပြည့် ကေဝိုင်အို ကရင်လူငယ်အစည်းအရုံး နေ့အခမ်းအနား ကျင်းပခဲ့။

မေလ ၂၄၊ ၂၀၂၄၊ကေအဲန်ယူ-ဗဟို။

၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့တွင် ကျရောက်သော (၃၅) နှစ်ပြည့် ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံး အထိမ်းအမှတ် အခမ်းအနားနှင့် အစီအစဥ်များအား ကရင်လူငယ် အစည်းအရုံး-ဗဟိုဌာနချုပ်တည်ရှိရာ သေ့ဘေးထ တွင် ပြုလုပ်ခဲ့သည်။

ကေဝိုင်အို-ကရင်လူငယ် အစည်းအရုံး (၃၅) နှစ်ပြည့် နေ့ရက်အား ဂုဏ်ပြုသော အားကစားပြိုင်ပွဲများ၊ လူငယ်စကားဝိုင်း အစီအစဥ်နှင့် ကေဝိုင်အိုတွင်ပါဝင်ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များတို့အား ဂုဏ်ပြုခြင်းအစီအစဥ်များ ပြုလုပ်ခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းများ အပါအဝင် လူငယ်ခေါင်းဆောင် ၁၂၀ ကျော် တက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိ အဖြစ် ကေဝိုင်အို-ကရင်လူငယ် အစည်းအရုံး ဗဟို ဒု ဥက္ကဋ္ဌ-စောဆဲခုကော်မှ ဆောင်ရွက်ခဲ့ပြီး ကရင်လူငယ်များအား “ယနေ့ နိုင်ငံရေး ရေချိန်ကို သုံးသပ်မယ်ဆိုရင် ပြည်တွင်း၊ ပြည်ပမှာ ရှိနေတဲ့ ကရင်လူငယ်တွေက အကုန်ပြန်လည် စုစည်းဖို့အချိန်ရောက်ပြီဖြစ်တယ်။ ပြန်လည်စုစည်းပြီးတော့ မိမိတို့ မိခင် ကရင်အမျိုးသားအစည်းအရုံးရဲ့ ကရင့်တော်လှန်ရေးပန်းတိုင်ရောက်ရှိဖို့နဲ့ မိခင်အစည်းအရုံးရဲ့ အင်အားဖြစ်ဖို့ အကုန်လုံးလာရောက်ပူးပေါင်းပါဝင်ကြပါ။ ရပ်ဝေး၊ရပ်နီး လူငယ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရောက်လိုသော ပန်းတိုင်ကိုအတူသွားဖို့ အချိန်ကြပြီဖြစ်တယ်။” ဟူသောဖိတ်ခေါ်မှုနှင့်အတူ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ-ပဒိုစောကွယ်ထူးဝင်းမှလည်း “အနာဂတ်မှာ မင်းတို့က လူငယ်တွေ ဖြစ်တာကြောင့် ဦးဆောင်ဖို့ အချိန်တွေအများကြီး ရှိသေးတယ်။ မင်းတို့က မျိုးဆက်သစ်တွေပဲ။ မျိုးဆက်သစ်တောင်မှ ရိုးရိုးမျိုးဆက်သစ်တွေ မဟုတ်ဘူး။ လူငယ်တိုင်းကတော့ မျိုးဆက်သစ်ပဲ။ ဒါပေမဲ့ မင်းတို့တွေက ကရင်အမျိုးသားထုတရပ်လုံးကို ဦးဆောင်မဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေဖြစ်တယ်။ ဒါကြောင့် မင်းတို့တွေ ကောင်းကောင်းမွန်မွန် ဦးဆောင်နိုင်ဖို့အတွက်က လိုအပ်တဲ့ အသိပညာတွေ၊ အတတ်ပညာတွေကို ခုကတည်းက ပြင်ဆင်ဖြည့်စွက်ထားကြပါ။” ဟူ၍တိုက်တွန်းခဲ့သည်။

ထို့ပြင် ဒုဗိုလ်မှူးကြီး စောအောင်စည် မှ “KYO ကို မှာကြားချင်တာကတော့ မင်းတို့မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၊စည်းမျဉ်းစည်းကမ်းနဲ့ တည် ဆောက်မှုပုံစံ တိတိကျကျ ရှိထားပြီးဖြစ်တယ်။ ဒါကြောင့်သေသေချာချာ လိုက်နာကြပါ။ စည်းစည်းလုံးလုံးနဲ့ ကိုယ့်ရဲ့ မူဝါဒအတိုင်းရပ်တည်ပြီး ခိုင်ခိုင်မာမာ ကြိုးစားဆောင်ရွက်ကြပါ။ အနာဂတ်မှာ ကရင်အမျိုးသားတော်လှန်ရေးအတွက် ခေါင်းဆောင်ရွေး ထုတ်နိုင်လိုသည့် ရည်ရွယ်ချက်အတိုင်း ပြည့်စုံအောင် ကြိုးစားကြပါ။” ဟူသော အားပေးစကားများဖြင့် ၃၅ ပြည့် ကရင်လူငယ်အစည်းအရုံးနေ့အား ဂုဏ်ပြုခဲ့သည်။ အခမ်းအနားသို့ ကေအဲန်ယူ ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပဒိုနော်ဍးဍး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး ဌာနမှူး ပဒိုစောဒိုင်းမွန်ခင်၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာနမှူး ပဒိုစောကလယ်စေး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းနှင့် အားပေးစကားများ အသီးသီး ပြောကြားခဲ့ပြီး ကေဝိုင်အို ဗဟိုမှ ပေးပို့သော သဝဏ်လွှာနှင့် မဟာမိတ် အဖွဲ့အစည်းများမှ ပေးပို့သော သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ ကေဝိုင်အို တွင်တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်များအား ဂုဏ်ပြုခြင်းနှင့် (၃၅)နှစ်ပြည့် ကရင်လူငယ် အစည်းအရုံးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးခြင်း အစီအစဥ် များပြုလုပ်ခဲ့သည်။