Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ခလယ်လွီထူခရိုင် လယ်ယာစိုက်ပျိုးရေးဌာနမှ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော လယ်ယာများတွင်ပြန်လည်စိုက်ပျိုးမည့် လယ်သမားများအား မျိုးစပါးများပေးအပ်။

စက်တင်ဘာလ (၂၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၌ ပြီးခဲ့သည့် ဇူလိုင်လ (၂၁)ရက် နေ့မှ (၂၈)ရက်နေ့ အထိ ပထမအကြိမ် ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၂၆၁)ရွာ ရေလွှမ်းမိုးခံခဲ့ရပြီး လယ်သမား စုစုပေါင်း (၄,၃၃၀) ဦး၏ စပါးစိုက်ပျိုးသည့် လယ်ဧကပေါင်း (၃၉၇၃၄.၇၆) ဧက အနက် (၂၀၈၉၇.၂၁)ဧက ပျက်စီးခဲ့သည်။
ပျက်စီးသွားသော လယ်ယားများအား ပြန်လည်စိုက်ပျိုးမည့် လယ်သမားများကို ခလယ်လွီထူခရိုင် လယ်ယာ စိုက်ပျိုးရေးဌာနမှ စာရင်းပြုစုခဲ့ရာ မြေဧကပေါင်း (၄၀၅.၈)ဧကရှိပြီး ၎င်းတို့အတွက် မျိုးစပါး (၁,၂၁၉) တင်းနှင့် ဓာတ်ဆီဂါလံပေါင်း (၈၁၂) ဂါလံ လိုအပ်လျက်ရှိသည်။
ခလယ်လွီထူခရိုင် လယ်ယာစိုက်ပျိုးရေးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့မှ စပြီး ပထမအကြိမ် ရေကြီးရေလျှံမှုကြောင့် လယ်ယာ ပျက်စီးမှုများထဲမှ ပြန်လည်စိုက်ပျိုးမည့် လယ်သမားများလိုအပ်သည့် မျိုးစပါးများကို စတင်ပေးအပ်ခဲ့သည်။
၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်ကာ ယခုအချိန်အထိ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော ဒုတိယအကြိမ် ရေကြီးရေလျှံမှုသည် ပထမအကြိမ် ရေကြီးရေလျှံမှုထက် လယ်စပါးစိုက်ခင်းများ ပို၍ ပျက်စီးခဲ့ရကာ ထပ်တိုးပျက်စီးသည့် လယ်ဧကများကို ခလယ်လွီခရိုင်၊ လယ်ယာစိုက်ပျိုးရေးဌာမှ စာရင်း ပြုစုလျက်ရှိသည်။