Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင်အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီး။

၂၀၂၄ ခုနှစ်၊စက်တင်ဘာလ (၂၅)ရက်၊ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ(၇) ဖားအံခရိုင် ၊ဒုံရင်းမြို့နယ်၊ ဒူရိန်ကျေးရွာ၌ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၉)ရက် မှ (၂၃)ရက် နေ့အထိ ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံံဆွေးနွေးပွဲအား (၅)ရက်တာကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
ဆွေးနွေးပွဲအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ပညာပေးစည်းရုံးရေးနှင့်ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်တို့မှ တတ်ရောက်ခဲ့ပြီး
(၁) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ၏ အခြေခံလမ်းစဥ်လုပ်ငန်းစဥ်
(၂) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ဖွဲ့စည်းပုံအခြေခံဥပဒေ
(၃)ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နည်းဥပဒေ တို့နှင့် ပတ်သက်သည့်အကြောင်းအရာများအား ပို့ချဆွေးနွေးခဲ့သည်။
၄င်းဆွေးနွေးပွဲသို့ စုစုပေါင်းလူဦးရေ ( ၇၄)ဦးပါဝင်တတ်ရောက်ခဲ့ပြီး ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင်များ၊ ဖားအံခရိုင်မှ ဌာနဆိုင်ရာခေါင်းဆောင်များ၊ ကရင်လူငယ်အစည်းအရုံး (KYO) နှင့်ကရင်အမျိုးသမီးအစည်းအရုံး (KWO) အပါအဝင် အုပ်ချုပ်ရေးမှူး၊ကျေးရွာ(သူကြီး) တို့လဲတက်ရောက်ခဲ့သည်။