Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ဘိတ်-ထားဝယ်ခရိုင် ၌ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း ကျင်းပပြုလုပ်။

အောက်တိုဘာလ (၁) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်−ထားဝယ်ခရိုင် ၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၃) ရက်မှ (၂၉) ရက်နေ့အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နှင့် ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းအား ကျင်းပခဲ့ပြီး ခရိုင်အတွင်းရှိ ဌာန (၁၁)ခုမှ သက်ဆိုင်ရာ ဌာနအသီးသီးတွင် ဦးစီးဦးဆောင် ပြုနေသော ခေါင်းဆောင်ကိုယ်စာလှယ် (၄၈) ဦးခန့် တက်ရောက်ခဲ့သည်။
သင်တန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ သက်ဆိုင်ရာဌာနအသီးသီးမှ ဌာနဆိုင်ရာခေါင်းဆောင်များ တာဝန်ရှိခေါင်းဆောင်းများ အနေဖြင့် ဒေသန္တရအုပ်ချုပ်ရေး နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းများအား မြှင့်တင်ပေးရန်အတွက်ဖြစ်သည်။
သင်တန်းအတွင်း သင်ကြားပို့ချခဲ့သော ဆရာ၊ ဆရာမသည်လည်း အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်း များ၌ အတွေ့အကြုံများစွာရှိသော တာဝန်ရှိခေါင်းဆောင်များဖြစ်ပြီး သင်တန်းအတွင်း ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းများ၊ အုပ်ချုပ်မှုဆိုင်ရာအားနည်းချက်/အားသာချက်များကို SWOT analysis (a framework for identifying and analyzing an organization's strengths, weaknesses, opportunities and threats) စနစ်အသုံးပြုပြီး ဆန်းစစ်ခြင်း၊ Conflict Resolution၊ Time Management, Strategic Thinking စွမ်းရည်များကို တက်ရောက်သူများနှင့် မျှဝေသင်ကြားခဲ့ပြီး အစိုးရကောင်းတစ်ရပ်၏အင်္ဂါရပ်များကိုလည်း သင်ကြားခဲ့သည့်အပြင် အုပ်ချုပ်ရေး၏လက္ခဏာရပ်များ၊ ဌာနဆိုင်ရာ ပေါ်လစီများ အကြောင်းကိုသင်ကြားပို့ချခဲ့သည်။
ဤသင်တန်းသည် ဒေသန္တရအုပ်ချုပ်မှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာရေးတို့ကို အဓိကထားသင်ကြားပေးသည့် သင်တန်းဖြစ်သည်။