Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ခလယ်လွီထူခရိုင်၌ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်

နိုင်ဝင်ဘာလ (၂၇) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၌ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) မှ ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး(၁၆) ရက်တာ လှုပ်ရှားမှုကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဆောထိမြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းတွင် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသမီး နှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ဘေးကင်းလုံခြုံသော လူမှုအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ (၁၆) ရက်တာလှုပ်ရှားမှုကို ကျင်းပရခြင်းဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားတွင် ဟောပြောပွဲများနှင့် အသိပညာပေးခြင်းများပြုလုပ်ခဲ့ကာ အခမ်းအနားသို့ လူဦးရေစုစုပေါင်း (၂၆၀) ဦး ခန့် တက်ရောက်ခဲ့သည်။
ထို (၁၆) ရက်တာလှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး လှုပ်ရှားမှုအတွင်း (၁)ကျေးရွာအတွင်း မိခင်နှင့် ကလေးများအား အကြမ်းဖက်မှုပပျောက်နိုင်ရန် အသိပညာ ပေးခြင်း၊ (၂)အလယ်တန်း/အထက်တန်းကျောင်းများတွင် အသိပညာပေးခြင်း၊ (၃)ကျောင်းဆရာ/ဆရာမများနှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများကို တွေ့ဆုံပြီး အမျိုးသမီးနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်စေရန် အသိပညာပေးခြင်း၊ (၄)ပြည်သူလူထုများနှင့် တွေ့ဆုံကာ အမျိုးသမီးနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်စေရန် တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။