Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Headquarters

အမျိုးသမီးများ၏ အသံများ နှင့် စိတ်ဒဏ်ရာကုစားခြင်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ကျင်းပ။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်၊ ကေအဲန်ယူ-ဗဟို။
အောက်ခြေလူထုရှိ အမျိုးသမီးများ၏အသံကို နားထောင်ခြင်း၊ ခေါင်းဆောင်များနှင့် အောက်ခြေလူထုအမျိုးသမီးများအကြား အပြန်အလှန် နှစ်ဖက်ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် Psycho Social Support နှင့် ပတ်သက်ပြီး လူငယ်ခေါင်းဆောင်များကို မွမ်းမံသင်တန်းပေးခြင်းအား ကေအဲန်ယူ ဗဟို၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၄ ရက်တာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား လာရောက်ပို့ချသော သင်တန်းဆရာမ တစ်ဦးက “ဒီဆွေးနွေးပွဲက KNU policy maker level က ခေါင်းဆောင်တွေက အောက်ခြေမှာ ရှိတဲ့ အမျိုးသမီးလူထုရဲ့ အသံကို ကြားနိုင်ဖို့ရည်ရွယ်ပြီးလုပ်ရခြင်းဖြစ်တယ်။ အရင်က top down ပဲ information တွေ၊ message တွေကျတယ်။ အခု လုပ်နေတဲ့ workshop က အပြန်အလှန်ကြားနိုင်ဖို့နဲ့ အောက်ခြေက အမျိုးသမီးတွေရဲ့အသံကို လိုက်စုစည်းပြီး policy maker level က လူတွေကြားနိုင်ဖို့၊ အမြဲတမ်း အဆက်အသွယ်ရှိသွားအောင် two ways communication ရှိလာဖို့ ဘယ်လိုဖော်ဆောင် မလဲဆိုတာကို ကိုယ်စားပြုအဖွဲ့တွေဖွဲ့ပြီး အမြဲတမ်းဆက်သွယ် စကားပြောကြမလား။ raise out လုပ်ပေးကြမလား စသည်ဖြင့် လုပ်ငန်းစဉ်တစ်ရပ် ပေါ်လာစေဖို့ဖြစ်တယ်။ အခုစစ်ဖြစ်နေတဲ့အချိန် လူတွေက အမျိုးမျိုးခံစားနေရတယ်။ ကျမတို့က အမျိုးသမီးတွေရဲ့အသံကို လိုက်နားထောင်ရင်းနဲ့ တချိန်တည်းမှာပဲသူတို့စိတ်ပေါ့ပါးဒဏ်ရာ သက်သာသွားအောင် Psycho Social Support ကို music တွေ၊ arts တွေနဲ့ လုပ်ပေးတယ်။” ဟု ပြောကြားသွားသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်အမျိုးသမီးများ၏အသံ၊အမျိုးသမီးများအထူးလိုအပ်ချက်များ၊အမျိုးသမီးများ ကြုံတွေ့ခံစားနေရမှု၊ ခေါင်းဆောင်များနှင့် အပြန်အလှန်ချိတ်ဆက်နိုင်ရန် နှင့် ခေါင်းဆောင်များမှ အမျိုးသမီးများအတွက် action plan များထွက်ပေါ်လာစေရန်အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး Psycho Social Support, Trauma healing, Trauma Informed,Theatre, music, and arts စသည်များကို ပူးပေါင်းပြီး စိတ်ပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့များ ကိုပေးနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့သည်။