Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ဒူးပလာယာခရိုင်၌ ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နှင့် ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှ ဦးဆောင်၍ ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နှင့် ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ကျေးရွာများ၊ ဌာနများမှ တက်ရောက်သော လူဦးရေ စုစုပေါင်း (၁၂၀) ဝန်းကျင်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသည် ငါးလုပ်ငန်းဆိုင်ရာဗဟုသုတနှင့် မိမိတို့၏ ရိုးရာဓလေ့ငါးဖမ်းခြင်းနှင့် ပတ်သက်သော ကောင်းကျိုးများအားပိုမိုသိရှိစေရန်၊ လူထုနှင့်ဌာနများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနကို ပိုမိုသိရှိလာစေရန်၊ ဌာနလုပ်ငန်းများအားချပြ၍ ဌာနများအချင်းချင်းရင်းနှီးမှု/ ပူးပေါင်းဆောင်ရွက်မှု၊ ဌာနနှင့် လူထုပူးပေါင်း ဆောင်ရွက်မှုတို့ အားကောင်းလာစေရန်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်ဥက္ကဋ္ဌ ပဒိုစောလစ္စတန် နှင့် ဗဟို မွေးမြူရေးနှင့် ရေလုပ်ငန်းဌာနမှူး ပဒိုမန်းကနေဒီ တို့မှ တက်ရောက်အားပေး၍ ကော်သူးလေမွေးမြူရေးနှင့် ရေလုပ်ငန်းဌာန (နို့တကော၊ ဝင်းရေး၊ ကော့ကရိတ်၊ ခရိုင်)၊ ကရင်လူငယ်အစည်းအရုံး (KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN)၊သစ်တောဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဌာန၊လယ်ယာဌာန၊ကျန်းမာရေးဌာန၊ ကရင်အမျိုးသား ရဲတပ်ဖွဲ့ (KNPF)၊ ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ ကော်မတီ (CIDKP)၊ ကော်သူးလေအလုပ်သမား သမဂ္ဂ (FTUK) ၊ ဒေသနှင့်ကျေးရွာ အုပ်စုမှူး/ဥက္ကဋ္ဌများနှင့် ပြည်သူလူထုများ တက်ရောက်အားပေးခဲ့သည်။