Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ-ခလယ်လွီထူခရိုင်အတွင်း ကရင်လူမူကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး (KORD) မှ ပြည်သူလူထုများအား သွားရောက်ကူညီထောက်ပံ့။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ကရင်လူမူကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးရုံး(KORD)၊ ခရိုင်တာဝန်ရှိသူများမှ ဦးဆောင်ပြီး ၂၀၂၄ခုနှစ် နိုဝင်ဘာ(၁၂)ရက်နေ့တွင် မူးမြို့နယ်အတွင်း မိဿလင်ကျေးရွာနှင့် ဆေးပုလဲကျေးရွာ စသည့်ကျေးရွာပေါင်း(၂)ရွာမှ အိမ်ခြေ(၂၇၈)လုံး၊ လူဦးရေစုစုပေါင်း(၁,၄၈၄)ဦးကို မြန်မာငွေ (၁၄၀,၉၈၀,၀၀၀) ကျပ်ဖြင့် သွားရောက်ကူညီထောက်ပံ့ခဲ့ သည်။
၎င်းသွားရောက်လှူဒါန်းသည့်ကျေးရွာများသည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးနှင့်ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာလတွင် သဘာဝဘေးအန္တရယ်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းတို့ကြောင့်စားဝတ်နေရေး၊ အကျပ်အတည်း၊ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရသည့်ရွာများဖြစ်သည်။