Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

အုပ်ချုပ်ရေး‌ ခေါင်းဆောင်မှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး နှင့် လူထုဥပဒေအထောက်အကူပြုရေး (CLV) သင်တန်းကို ကေအဲန်ယူ-ဖားအံမြို့နယ်တွင်ပြုလုပ်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၆)ရက်နေ့အထိ ခေါင်းဆောင်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်း နှင့် လူထုဥပဒေအထောက်အကူပြုအဖွဲ့ CLV -(Community Legal Voluteer) သင်တန်းကို ကေအဲန်ယူ-ဖားအံမြို့နယ်တွင်ပြုလုပ်ခဲ့သည်။
သင်တန်းအား နိုဝင်ဘာလ (၂၇) ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ခေါင်းဆောင်များအပြင် ကျေးနယ်တာဝန်ရှိခေါင်းဆောင်များနှင့် ခရိုင်အတွင်းရှိ ဘီးလင်း၊ သထုံ၊ ကျိုက်ထို၊ မော်စကိုမြို့နယ်တို့မှ ခေါင်းဆောင်များ စုစုပေါင်း (၄၆) ဦးတက်ရောက်ခဲ့ကာ ဒီဇင်ဘာလ (၆)ရက်နေ့တွင် သင်တန်းဆင်းခဲ့သည်။
အုပ်ချုပ်ရေး ခေါင်းဆောင်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းအား လွန်ခဲ့သော နိုဝင်ဘာလ (၄) ရက်‌နေ့မှ (၂၄) ရက်နေ့အထိ ကေအဲန်ယူ-ဒူးသထူခရိုင်အဆင့်တွင်လည်း ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။