Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

သောသီတောအူးဌာနေလူမျိုးစုများဥယျာဉ်အားတည်ဆောက်ခြင်း၊ တရားဝင်ဖွင့်လှစ်ခြင်း နှင့် အခြေခံဥပဒေအား အတည်ပြုခြင်း အခမ်းအနား။

၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ (၁၇) ရက်၊ ၊ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေနယ်မြေ၊ တောအူးခရိုင်(တောင်ငူ) အတွင်း နေထိုင်ကြသည့် ဌာနေကရင်လူမျိုးများဖြစ်သော ကညောဝါး၊ ဂေဘား၊ မော်နေပွာ၊ ပကူး၊ ဘွဲ၊ မိုဘွာ၊ နှင့် အခြားသောဌာနေလူမျိုးစု ကိုယ်စာလှယ် များ သည် သဘာဝဂေဟစနစ်နှင့် ဌာနေလူမျိုးစုတို၏ရိုးရာယဥ်ကျေးမှုကို ကာကွယ်မည့် ၅,၇၅၄ စတုရန်းကီလိုမီတာ၊ ဧကအားဖြင့် တစ်သန်းကျော်ရှိ သောသီတောအူး ဌာနေလူမျိုးစုများ ဥယျာဥ် တရားဝင်ဖွင့်လှစ်ခြင်းနှင့် အခြေခံဥပဒေအား အတည်ပြုခြင်းအခမ်းအနားအား ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ လပလူ လဆန်း ၁၀ ရက်နေ့မှ ၁၂ ရက် (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ မှ ၁၂ ရက်) အထိ ကေအဲန်ယူ၊တပ်မဟာ(၂)အုပ်ချုပ်နယ်မြေ၊ တောအူးခရိုင်၊ ထောတထူ(ထန်းတပင်)မြို့နယ်၊ ကော်မူထီးရှီး၊ မိုနေပွာနယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ် တရားဝင်ဖွင့်လှစ်ကြေညာခြင်း အခမ်းအနားအား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဗဟို၊ အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ မှတက်ရောက်အားပေးခဲ့ပြီး သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ် လုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌ မှ အဖွင့်အမှာစကားပြောကြားခြင်း၊တက်ရောက်လာသောခေါင်းဆောင်များမှ အမှာစကားပြောကြားခြင်း ၊ရိုးရာယဥ်ကျေးမှု တင်ဆက်ခြင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူမှ ဥယျာဥ်၏ မျှော်မှန်းချက်၊ရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး အခမ်းအနားသို့ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(KESAN)မှ တာဝန်ရှိသူများ၊ လူမျိုးစုခေါင်းဆောင်များအပါအဝင် ဌာနေလူမျိုးစုများ လူဦးရေစုစုပေါင်း (၁,၀၀၀) ကျော်တက်ရောက်ခဲ့ကြသည်။
တောအူးခရိုင်အတွင်းရေးမှူးနှင့် သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ် လုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ပဒိုစောအယ်ဝါးသည် “ မြန်မာလို့သိကြတဲ့ ဒီနိုင်ငံမှာမွေးဖွားလာတဲ့ ကျနော်တို့ ဌာနေလူမျိုးစုများက ကျနော်တို့အခွင့်အရေးတွေ ဘယ်သောအခါမှ မရရှိခဲ့ဘူး။ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ဌာနေလူမျိုးစုတွေရဲ့ အခွင့်အရေးတွေကို ဖော်ပြထားခြင်းမရှိဘူး။ ကျနော်တို့ကို နိုင်ငံမရှိ၊ မြေမရှိ၊ စာပေမရှိတဲ့ နိုင်ငံမဲ့တွေလို့ သတ်မှတ်တယ်။ ကျနော်တို့ရဲ့ နယ်မြေကို ဖွံ့ဖြိုးမှုဆိုတဲ့ အမည်ခံအောက်မှာ ဘယ်အချိန်မှာမဆို ကုမ္ပဏီတွေကို ပေးလိုက်လို့ရတဲ့ မြေလွတ်၊မြေရိုင်းတွေပုံစံလို သတ်မှတ်ကြတယ်။ ဒါကကျနော်တို့အတွက် အရမ်းကြီးမားတဲ့ ချိန်းခြောက်မှုတခုပဲဖြစ်တယ်။ ကျနော်တို့နေတဲ့နိုင်ငံက ခေါင်းဆောင်တွေက ကျနော်တို့နေတဲ့မြေကို အသိမှတ်မပြုဘူးဆိုရင် ကျနော်တို့ကတော့ ကိုယ်ပိုင်အခွင့်အရေးရရှိအောင်ပြတ်ပြတ်သားသားလုပ်ရမှာပဲ။ UN နဲ့ UNDRIP ကြေညာစာတမ်းအရ ကျနော်တို့ ဌာနေလူမျိုးစုများသည် ကိုယ့်နယ်မြေနယ်နိမိတ်တွေကို ကိုယ်ပိုင်စီမံနိုင်သလို ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုလည်း ကျင့်သုံးခွင့်ရှိတယ်။ အဲဒါကြောင့် ဦးစွာ ဒီအခွင့်အရေးတွေကို ဆက်ခံရမယ်ဆိုတာကို သိသင့်တယ်။ ဒီလို နိုင်ငံတကာကြေညာချက်ကနေပြီးတော့ ကျနော်တို့အခွင့်အရေးကို အသုံးချသင့်တယ်။” ဟူ၍ အဖွင့်အမှာစကားတွင်ပြောကြားခဲ့သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး- ဗဟို၊ အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ မှ “ယခုလိုအဖိုးတန်သော မြေနယ်နိမိတ် တွင်မှီကင်းနေထိုင်သော ကရင်လူမျိုးများ၊ ကရင်မဟုတ်သည့်လူမျိုးများနှင့် လူမျိုးစုများ၏ ယုံကြည်မှုနှင့် ခေတ်အဆက်ဆက် သဘောတူညီမှုကို အခြေခံပြီးဖြစ်ပေါ်လာသော ကျွန်ုပ်တို့၏ တရားဝင်မှု နှင့် ပြည်သူ လူထုတွေရဲ့ မျှော်လင့်ချက်၊ လုပ်ဆောင်ချက်၊ အားထုတ်မှုတွေကြောင့် ဖြစ်ပေါ်လာသော အုပ်ချုပ်မှုနှင့်အတူ ကော်သူးလေတွင် အချုပ်အခြာအာဏာပိုင်ဖြစ်သော ကရင်အမျိုးသားအစည်းအရုံးသည် ကျွန်ုပ်တို့ မျိုးရိုးစဉ်ဆက်ကို ပြုစုပျိုးထောင်ပေးသော သဘာဝတရားကြီးကို အလေးထားပြီး ရေရှည်တည်တံ့သောငြိမ်းချမ်းရေး၊ ကျွန်ုပ်တို့၏ အတုမရှိသော ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းခြင်းနှင့် ကျွန်ုပ်တို့လူမျိုးများ၏ ငြိမ်းချမ်းမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အနှစ်သာရကို ကိုယ်စားပြုသော သောသီတောအူးဌာနေလူမျိုးစုများဥယျာဉ်အား မမှိတ်မသုန် အပြည့်အဝ အသိအမှတ်ပြုကြောင်း” အတိအလင်းကြေညာလိုက်သည်။
တောအူးခရိုင် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စောဒဲဖိုးမှ “သောသီတောအူး ဌာနေလူမျိုးစုများဥယျာဉ်တွင် ကျနော်တို့ဌာနေကရင်လူမျိုးတွေပဲ မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေဖြစ်သော ရှမ်း၊ ပအို့ဝ်၊ ဗမာလူမျိုးအပါအဝင် အခြားသောလူမျိုးများလည်း ဒီနယ်မြေမှာ နေထိုင်ကြပါတယ်။ ကျနော်တို့က အတူတကွယှဉ်တွဲနေထိုင်ကြပြီးအယောက်စီတိုင်းမှာ တူညီသော အခွင့်အရေးများရရှိသင့်တယ်။ လူတိုင်းက ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာပါဝင်ခွင့်ရသင့်တယ်။ ဒါကို ဖြစ်အောင်လုပ်ဖို့က ကျနော်တို့အားလုံးမှာ တာဝန်ရှိတယ်။” ဟုပြောကြားသည်။
အခမ်းအနားတွင် သောသီတောအူးဌာနေလူမျိုးစုများဥယျာဉ် လုပ်ငန်းကော်မတီအတွင်းရေးမှူး ပဒိုစောသောသူထူးမှ “ သောသီတောအူးဌာနေလူမျိုးစုများဥယျာဉ်က နိုင်ငံရေးတွင် ပါဝင်မှုနှင့် ကိုယ်စားပြုမှုတွင် အမျိုးသမီး၊ အမျိုးသား တူညီသော အခွင့်အရေးကို ထောက်ခံ၍ ဆုံးဖြတ်ချက်ချသော အဆင့်တွင် ဒေသန္တရလူ့အဖွဲ့အစည်း ၏ ရေရှည်တည်တံ့ပါဝင်စေသော ဒေသန္တရကို လုပ်ပိုင်ခွင့်အပြည့်အဝပေးထားသော အုပ်ချုပ်မှုကို တည်ဆောက်ရန်ရည်ရွယ်တယ်။ဥယျာဉ်အတွက် ဒီမိုကရေစီနှင့် အားလုံးပါဝင်သော အုပ်ချုပ်မှုပုံစံတည်ထောင်နိုင်ရန် ဌာနေလူမျိုးစုကိုယ်စားပြု ၃၆ ဦး၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် ၁၂ ဦး၊ ကရင်လူမှုအဖွဲ့အစည်း ကိုယ်စားပြုမှု ၁၄ ဦး၊ ကရင်အမျိုးသားအစည်းအရုံးမှ ကိုယ်စားပြုမှု ၃၇ ဦးကို ဌာနေလူမျိုးစုတွေရဲ့ ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်တင်မြောက်မှာဖြစ်တယ်။ ထို ကိုယ်စားပြု ၉၉ ဦးက အထွေထွေညီလာခံရဲ့ အဖွဲ့ဝင်တွေဖြစ်လာမယ်။သောသီတောအူးဌာနေလူမျိုးစုများဥယျာဉ် ရဲ့ အုပ်ချုပ်ရေးကော်မတီမှာ တာဝန်ထမ်းဆောင်ရန် ထို ၉၉ ဦးထဲက ၁၁ ဦးကို အထွေထွေညီလာခံကနေတစ်ဆင့် ရွေးချယ်တင်မြောက်မယ်။” ဟု ပြောကြားခဲ့သည်။
သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ် သည် (၁)ဌာနေလူမျိုးစုတို့၏ ထုံတမ်းစဉ်လာ ယဉ်ကျေးမှု ကို ကမ္ဘာ့အမြင်တွင် ပြန်လည်အသက်သွင်းရန်နှင့်ကာကွယ်ရန်။ (၂)ဘိုးဘွားပိုင်နယ်မြေနှင့်သဘာဝရင်းမြစ်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးစနစ် အားကောင်းလာရန်။ (၃)စုံလင်သည့်ဇီဝမျိုးကွဲနှင့်ယဥ်ကျေးမှုများကို ထိန်းသိမ်း၍ ဂေဟစနစ်ရှင်သန်လည်ပတ်ခြင်းဖြင့် ရရှိလာသောအကျိုးကျေးဇူးများအား လက်ရှိမျိုးဆက်နှင့် အနာဂတ်မျိုးဆက်များ ခံစားနိုင်ရန်။ (၄)ရေရှည်ဖွံ့ဖြိုးရေးအစီအစဥ်များအား ဌာနေလူမျိုးစုများကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်ရန် ရည်ရွယ်သည်။