ဇန်နဝါရီလ (၁) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့သည် စစ်ကောင်စီတပ်မှ အာဏာမသိမ်းမှီ မြန်မာနိုင်ငံ တစ်နိုင်လုံး အတိုင်းအတာအနေဖြင့် နှစ်စဥ်နှင့်အမျှ (၆၅) ရာခိုင်နှုန်းသော ဝင်ငွေအခွန်ဘဏ္ဍာအား စစ်ဏာအာရှင်အတွက် ရရှိခဲ့သည့် အဓိက နေရာ တစ်နေရာဖြစ်ခဲ့သည်။ ကေအဲန်ယူ - တပ်မဟာ (၆) သို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ၎င်းတို့၏ အသက်သွေးကြော အတွက် အဓိကကျသော ထိုနယ်စပ်မြို့ နှင့် ကုန်သွယ်ရေးလမ်းကြောင်း ကော့ကရိတ် - မြဝတီ အာရှလမ်းမ ကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် လက်နက်အင်အား၊ လူအင်အား တောင့်တင်းခိုင်မာစွာဖြင့် နိုင်ငံတော် အဆင့်ရှိသော အောင်ဇေယျ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်ခဲ့သည်။ သို့ပေသည့် ၎င်းတို့၏ စစ်ဆင်ရေး သည် နိုင်ငံတော်အဆင့် ဖော်ဆောင်ခဲ့သော်လည်း အောင်နိုင်ခြင်းမရှိပဲ အရှုံးများနှင့်သာ ရင်ဆိုင်နေရသည်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းသည် ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ရောက်ရှိနိုင်ခြင်းမရှိတော့သလို အာရှလမ်းမကြီးကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အထပ်ထပ်သော ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် နေ့စဥ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရှိခဲ့ပြီး လူအင်အား၊ လက်နက်အင်အားများ လျှော့နည်းလာသည်သာမက စားနပ်ရိက္ခာများလည်း ပြတ်လပ်နေကြသည်။
K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နေရာအနံ့ အထပ်ထပ်သော ပိတ်ဆို့မှုများ ကြောင့် ၎င်းတို့အတွက် လက်နက်ခဲယမ်း နှင့် စားနပ်ရိက္ခာများအတွက် မြေပြင်မှပို့ဆောင်ပေးရန် လမ်းကြောင်း မရှိတော့သည့်အတွက် ဝေဟင်မှ လေယာဥ်များနဲ့သာ ရိက္ခာထုပ်များအား သွားရောက်ချပေး နေရပြီး ထိုသို ရိက္ခာထုပ်များအား ပို့ဆောင်ပေးနေသော်လည်း ၎င်းတို့ရရှိလာသော ရိက္ခာခြောက်များကို အရာရှိ အဆင့်ရှိသူများသာ စားသောက်ခဲ့ရပြီး အောက်ခြေမှ လက်အောက်ငယ်သား စစ်သည်များမှာ စားသောက်ခွင့်မရှိပဲ ခေါက်ဆွဲခြောက် (မာမား) တစ်ထုပ်လျှင် စစ်သည် (၃) ဦးဖြင့် မျှဝေ စားနေကြရသည်။
ရှေ့တန်းမြေပြင်မှ ထိုအခြေနေများကြောင့် စစ်သည်များသည် စိတ်ဓာတ်ခွန်အား၊ ကိုယ်ခံအား စသဖြင့်များ ပျက်ပြားလာခဲ့ကြပြီး နေ့စဥ်နှင့်အမျှ လက်နက်ခဲယမ်းနှင့်အတူ အလံဖြူထောင်သူများ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံသို့ ထွက်ပြေးခိုလှုံလာသူများ ရှိလာသည်။
ထိုအခြေနေများအား သိရှိနားလည် ကိုယ်ချင်းစာသော K.N.L.A နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်၏ စည်းမျဥ်းစည်းကမ်းနှင့်အညီ လူသားခြင်းစာနာထောက်ထားမှုဖြင့် K.N.U ထိန်းချုပ်နယ်မြေတွင် ရှိသမျှ စစ်ကောင်စီတပ်မှ မည့်သည့်စစ်သည်မဆို မိမိတို့ နှင့် လာရောက်ပူးပေါင်းကာ ပြည့်သူလူထုများ၏ ရင်ခွင့်သို့ ခိုလှုံပါရန် အစဥ်မြဲ နွေးထွေးစွာ ဖိတ်ခေါ်လျှက်ရှိနေသည်။
ထိုသို့ လာရောက်ပူးပေါင်းလာသော စစ်သည်တော်များအား K.N.L.A ဦးဆောင်သော တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ နှင့် ပြည်သူလူထုများမှ အသိအမှတ်ပြု တန်ဖိုးထား လေးစားသည့်အနေဖြင့် ၎င်းတို့အား ကောင်းမွန်စွာကြိုဆိုဧည့်ခံပေးခဲ့ပြီး ၎င်းတို့အတွက် ထောက်ပံ့မှုများလည်း ပေးအပ်ခဲ့သည်။ ထိုသို့ ဆောက်ရွက်ပေးခဲ့ပြီးနောက် ၎င်းတို့၏ အနာဂတ်ဘဝရှေ့ရေးအတွက် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း စီစဥ် ဆောင်ရွက်ပေးခဲ့သည်။
K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ လက်နက်ခဲယမ်းနှင့်အတူဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ခဲယမ်းမပါသည်ဖြစ်စေ အားလုံးလက်ခံကြိုဆိုပေးခဲ့ပြီး၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျ စစ်ကြောင်းမှ လာရောက် ပူးပေါင်း လာသည့် စစ်သည်များကို ကြိုဆိုထောက်ခံပွဲ နှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပေးခဲ့သည်။