Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

(၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကရင်လူငယ်အစည်းရုံးမှ Campaign ပြုလုပ်

ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကေဝိုင်အို - ကရင်လူငယ်အစည်းအရုံး ဗဟို၊ ခရိုင် နှင့် မြို့နယ်ရှိ ကရင်လူငယ်များမှ စုပေါင်း ဦးဆောင်၍ ကေအဲန်ယူ - အုပ်ချုပ်နယ်မြ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော် ပြသခဲ့သည့် Campaig အား ပြုလုပ် ကျင်းပခဲ့သည်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဒေသအသီးသီးမှ ကရင်ပြည်သူ လူထုပေါင်း ၄၅၆,၁၀၀ ဦးမှ မိမိတို့၏ ဖြစ်တည်မူ၊ သဘောထားရပ်တည်ချက်၊ လိုလားချက်နှင့် တစ်မျိုးသားလုံးစည်းလုံးညီညွှတ်မှုအား ထုတ်ဖော်ပြသခဲ့သည့် ကြွေးကြော်သံ (၄) ချက်ဖြစ်သော ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ်ချက်ခြင်းပြ၊ လူမျိုးရေးအဓိကရုန်းအလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိ စသည့် ကြွေးကြော်သံများ အပြင် ယနေ့ခေတ် ကရင်လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသော ဒေသအတွင်းရှိ မူးယစ်ဆေးဝါး စိန်ခေါ် မှုများ၊ နိုင်ငံရေး မျှော်မှန်းချက် သဘောထားများ နှင့် အကြမ်းဖက်စစ်တပ်မှ အတင်းအဓ္ဓမ စစ်မူထမ်း စေခိုင်းခြင်းဆိုင်ရာ သဘောထားများ ဖြစ်သော တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြ၊ အတင်း အဓ္ဓမ စစ်မူထမ်းစေခိုင်းခြင်းဆန့်ကျင်ကြ၊ သူးလေထူထောင်ဖို့ ကရင်လူငယ်များပါဝင်စို့၊ ကရင်လူငယ်များ အနာဂတ်လှပဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်စို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ စစ်အာဏာရှင်စနစ်တိုက်ဖြတ်စို့ စသည့် ဆောင်ပုဒ်များဖြင် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော် ပြသခဲ့သည်။