Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

KYO organized Security and Justice Sector Training in Dooplayar District

ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ မှ ၁၀ ရက်နေ့အထိ ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ခရိုင် နှင့် မြို့နယ် ပူးပေါင်းကာ Security & Justice Sector Training လုံခြုံရေးနှင့် တရားမျှတမှု ဆိုင်ရာသင်တန်းအား ကေအဲန်ယူ - ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ် မြို့နယ် တွင် ပြုလုပ်ခဲ့သည်။
ထိုသင်တန်းတွင် ဒူးပလာယာခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ကရင်လူငယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ ကရင်လူငယ်များ၊ ကရင်လူငယ်ခေါင်းဆောင်များ စုစုပေါင်း (၈၀) ကျော် တက်ရောက်ခဲ့ပြီး လုံခြုံရေးကဏ္ဍဆိုင်ရာသဘောတရားများ၊ တရားမျှတမှုဆိုင်ရာ သဘောတရားများ၊ Gender Lens၊ လုံခြုံရေးနှင့် တရားမျှတမှုကဏ္ဍတွင် Gender ပါဝင်မှု၊ အခြေခံလူ့အခွင့်အရေးဆိုင်ရာသဘောတူညီချက် များအပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဆိုင်ရာများအား မှတ်တမ်းရယူခြင်း စသည်များဖြင့် အပြန် အလှန် မျှဝေ ပို့ချခဲ့သည်။