ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၅ ခုနှစ်၊ ဗဟို
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီး စစ်မြေပြင် နေရာတစ်နေရာ၌ ဇန်နဝါရီလ (၃၁) ရက်နေ့ ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားအား ကျင်းပခဲ့သည်။
အစီအစဉ်အရ အခမ်းအနားမှူး ဒုဗိုလ် စောဒိုဝါး၊ သဘာပတိ ဗိုလ်မှူးကြီး စောနယ်ဒါးထူး၊ အခမ်းအနားအစီအစဉ်အား ဖတ်ကြားပြီး ကရင်အမျိုးသားအလံတော်နှင့် တော်လှန်ရေးလုပ်ဆောင်ကြသူများအား အလေးပြုခြင်းဖြင့် အခမ်းအနားစတင်ခဲ့သည်။ အခမ်းအနားတွင် သဘာပတိ ဗိုလ်မှူးကြီး စောနယ်ဒါးထူးမှ အဖွင့်မိန့်ခွန်းစကားပြောကြားခြင်း၊ တဆက်တည်းမှာပဲ တက်ရောက်လာသည့် တပ်ဖက်ခေါင်းဆောင်များ ကရင်အမျိုူးသားလွတ်မြောက်ရေးတပ်မတော် (ဗဟို) စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော၊ တပ်မဟာ(၆) ဗျူဟာမူး ဗိုလ်မှူးကြီး စောနယ်ဒါးထူး၊ တပ်ရင်း(၂၇) တပ်ရင်းမှူး ၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော၊ တပ်ဗိုလ်၊တပ်မှူးများနှင့်စစ်သားများ တက်ရောက်ခဲ့သည်။
ထို့နောက် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောသည်ရှေ့တန်းစစ်မြေပြင်တွင် မကြောက်မရွံ့ပဲ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်စီးနိုင်ပြီး ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီသည့် ဗိုလ်မှူးတစ်ယောက်အဖြစ် ကော်သူးလေရဲစွမ်းသတ္တိဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြင့်ခဲ့သည်။