Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

KYO ကရင်လူငယ်အစည်းအရုံး (ဗဟို) မှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ (IHL) သင်တန်းအား ဒူးပလာယာခရိုင်တွင် ပြုလုပ်

ဖေဖော်ဝါရီလ (၂၃) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိတွင် KYO ကရင်လူငယ် အစည်းအရုံး (ဗဟို)မှ ဦးဆောင်ပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ဖြစ်ပေါ်လာသော အကျိုးဆက်များ လျော့နည်းလာစေရန် နှင့် စစ်ပွဲဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို အရပ်သားပြည်သူများသာမက စစ်ဘက်ဆိုင်ရာ တာဝန် ရှိသူများနှင့် တိုက်ပွဲအတွင်း ပါဝင်ပတ်သက်နေသူများမှ နိုင်ငံတကာ ဥပဒေအား သိရှိနားလည် လိုက်နာ နိုင်ရန် ရည်ရွယ်ပြုလုပ်ခဲ့သည်။

ထိုသင်တန်းသို့ KYO ကရင်လူငယ်အစည်းအရုံး ခရိုင် နှင့် ဒူးပလာယာခရိုင်ရှိ မြို့နယ် အသီးသီးမှ KYO ကရင်လူငယ်အစည်းအရုံး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ လူငယ်ခေါင်းဆောင်များ စုစုပေါင်း (၄၆) ဦး တက်ရောက်ခဲ့သည်။