Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ−ကစယ်ဒိုမြိုနယ် စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ ကလဲမူထီးတိုက်နယ်မှ ကျေးရွာအုပ်စု‌ ခေါင်းဆောင်များအတွက် ခေါင်းဆောင်မှု သင်တန်း ကျင်းပပြုလုပ်ခဲ့

ဖေ‌ဖော်ဝါရီလ (၂၈) ရက်၊ ၂၀၂၅ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်မျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၌ ကစယ်ဒို မြို့နယ် ကေအဲန်ယူ−ခေါင်းဆောင်များနှင့် မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းရုံး (KYO) တို့ စုပေါင်း ဦးဆောင်ပြီး ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျေးရွာ ခေါင်းဆောင် များအတွက် ခေါင်းဆောင်မှုသင်တန်းပြုလုပ်ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ ကစယ်ဒိုမြို့နယ် ဥက္ကဌ ပဒိုစောအယ်ဆိုး၊ ကလဲမူထီးတိုက်နယ်မူး ပဒိုစောရေခဲ များတက်ရောက်တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပြီး သင်တန်းသို့ ကစယ်ဒိုမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း (၂၄)ရွာ ကျေးရွာကော်မတီများ၊ ကျေးရွာကရင်လူငယ် ခေါင်းဆောင်များနှင့်‌ ‌ကျေးရွာ အမျိုးသမီး ခေါင်းဆောင်များ စုစုပေါင်း(၉၄)ဦးခန့် တက်ရောက်ခဲ့ကြ သည်။
ဤသင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မြို့နယ်အတွင်းရှိ ကျေးရွာများအား ခေါင်းဆောင်နေသော ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာကရင်လူငယ် ခေါင်း‌ဆောင်များအား ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး၏ လမ်းစဥ်နှင့်လုပ်ငန်းစဥ်များသိရှိနားလည်ရန်၊ လက်ရှိနိုင်ငံရေးအခြေအနေကို သိရှိ နားလည်စေရန်၊ ခေါင်းဆောင်မှုစွမ်းရည်မြင့်တင်ပေးရန်၊ စုပေါင်းခေါင်းဆောင်မှုအား‌ကောင်းလာရန်၊ ကော်သူလေးဥပေဒေဆိုင်ရာကြောင်းအရာသိရှိနားလည်စေရန် တိုဖြစ်ကြသည်။
သင်တန်း၌ −
၁။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအခြခံဥပဒေနှင့်နည်းဥပဒေ။
၂။ ကရင်အမျိုးသားတော်လှန်ရေးလမ်းစဥ်နှင့် ရှေ့လုပ်ငန်းစဉ်။
၃။ လက်ရှိနိုင်ငံရေးလမ်းစဥ်နှင့် လုပ်ငန်စဥ်များ။
၄။ ကော်သူလေး ရာဇဝတ်ဥ‌ပဒေနှင့်ကျင့်ထုံးဥပဒေ
၅။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးအက်ဥပဒေ
၆။ Leadership and M‌anagement
၇။ Federalism တို့အားသင်ကြားခဲ့ကြသည်။