Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်မှ (၈)ကြိမ်မြောက် KYO - ကရင်လူငယ်အစည်းအရုံး ကွန်ကရက်အား ပြုလုပ်ပြီးစီး

မတ်လ (၁) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
KYO - ကရင်လူငယ်အစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့နယ်အဆင့်တွင် (၂) နှစ် တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်ရမည် ဖြစ်ပြီး ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေး မြို့နယ် KYO - ကရင်လူငယ်အစည်းအရုံးမှ (၈) ကြိမ်မြောက် ကွန်ကရက်အား ၂၀၂၅ ခုနှစ်၊ ဖောဖော်ဝါရီလ ( ၂၅) ရက် မှ ( ၂၇) ရက်အထိ ( ၃) ရက်တာအတွင်း ဝင်းရေးမြို့နယ်တွင် ပြုလုပ် ကျင်းပ ခဲ့သည်။
ထိုရွေးကောက်ပွဲတွင် ကေအဲန်ယူ - ဒူးပလာယာခရိုင် KYO ကရင်လူငယ်အစည်းအရုံး၏ တာဝန်ရှိ လူငယ် ခေါင်းဆောင်များမှ ဦးဆောင်မှုပြုကာ လူငယ်ကိုယ်စားလှယ်လောင်း (၁၅၄) ဦး နှင့် ဝင်ရေး မြို့နယ် KNU - ကရင်အမျိုးသားအစည်းအရုံး အမြဲတမ်းကော်မတီဝင် ခေါင်းဆောင်များ၊ ကျေးရွာ တာဝန်ရှိများ၊ ဒူးပလာယာခရိုင်အတွင်းရှိ မြို့နယ် (၄) ခုဖြစ်သော ဝင်းရေးမြို့နယ်၊ နို့တကောမြို့နယ်၊ ကျုံဒိုးမြို့နယ် နှင့် ကော့ကရိတ်မြို့နယ် KYO ကရင်လူငယ်အစည်းအရုံး တာဝန်ရှိခေါင်းဆောင်များမှ စုပေါင်း တက်ရောက် ပြုလုပ်ကျင်းပခဲ့သည်။
ကေအဲယူန် - ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် KYO ကရင်လူငယ်အစည်းအရုံး၏ (၈) ကြိမ်မြောက် ကွန်ကရက်တွင် ဥက္ကဌအဖြင့် စောဆာ့ကပေါ်စေး၊ အတွင်းရေးမှူးအဖြင့် နော်ဟဲစေး နှင့် အလုပ်အမှုဆောင် (၅) ဦး စသည့် တာဝန်ရှိခေါင်းဆောင်အသီးသီး ရွေးကောက်တင်မြောက်ခဲ့သည်။
KYO - ကရင်လူငယ်အစည်းအရုံးသည် မိမိတို့၏ စာပေယဥ်ကျေးမှုကို ဖော်ထုတ်ထိန်းသိမ်း ကာကွယ် မြှင့်တင်ရေး၊ ကရင်လူငယ်များ၏ ဘဝတိုးတက်ဖွံ့ဖြိုးရေး၊ အနာဂါတ်ဘဝငြိမ်းချမ်းရေး နှင့် သာယာဝပြောရေး၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် လူငယ်များ ပေါ်ထွန်းလာစေရေး စသည့် အဓိက မျှော်မှန်းချက်များနှင့်အတူ အမျိုးသားဒီမိုကရေစီတော်လှန်ရေးအတွက် မျိုးချစ် လူငယ် ခေါင်းဆောင်များကို မွေးထုတ်ပေးရန်၊ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ချမှတ်ထားသော လမ်းညွန်မှု၊ မူ နှင့် လမ်းစဥ် လုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ရာတွင် တစ်တတ်တစ်အား တက်ကြွစွာ ကူညီဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။