Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ဟတ်ကြီး ရေကာတာကို ဆန့်ကျင်ရေး လှုပ်ရှားမှုအား သံလွင်မြစ်နှင့် သောင်ရင်းမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံတွင် ကျင်းပပြုလုပ်။

မတ်လ (၁၄) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင် နှင့် ဖားအံခရိုင် နယ်ခြား သံလွင်မြစ်နှင့် သောင်ရင်းမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံ၌ ၂၀၂၅ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနား နှင့်အတူ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေကာတာကို ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်အား ဒေသခံပြည်သူလူထုများမှ ကျင်းပပြုလုပ် ခဲ့သည်။
ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှု၌ မူတြော်ခရိုင် တာဝန်ရှိသူများ၊ Karen Rivers Watch (KRW)၊ Karen Environmental and Social Action Network (KESAN)၊ Karen Women Organization (KWO)၊ Salween Peace Park၊ Karen Student Network Group (KSNG) အပါဝင် ကော်သူးလေဒေသအတွင်းနှင့် ထိုင်းနိုင်ငံရှိ အရပ်ဖက်အဖွဲ့ အစည်းများပါ တက်ကြွစွာ ပါဝင်လုပ်ဆောင် ခဲ့ကြသည်။
ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုအခမ်းအနား၌ မူတြော်ခရိုင်တာဝန်ရှိသူတစ်ဦးမှ “ သံလွင်မြစ် ဖြစ်ဖြစ် သောင်ရင်းမြစ်ဖြစ်ဖြစ် ဒီမြစ်တွေဟာ ကျတော်တို့ ဘိုးဘွားအစဉ်အဆက် လှုပ်ရှား နေထိုင်တဲ့ နေရာတွေဖြစ်တယ်၊ သံလွင်မြစ်ဟာ ကျတော်တို့ ဌာနေတိုင်းရင်းသား ပြည်သူ လူထုရဲ့ အဓိက မှီခိုအားထားနေရတဲ့ အသက်သွေးကြောဖြစ်တယ်၊ ဒီမြစ်ဘေးတစ်လျှောက် နေထိုင် ကြတဲ့ပြည်သူတွေအနေနဲ့ ဒီမြစ်ကို မှီခိုပြီးတော့ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်စားသောက်နေကြရတယ်၊ အဲ့ဒါကြောင့် ဒီ ရေကာတာစီမံကိန်း ဖြစ်လာခဲ့မယ် ဆိုရင် ထိုင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံက အစိုးရတွေဘဲ အကျိုးအမြတ်ရရှိမှာဖြစ်ပြီး ဒေသခံ ပြည်သူ လူထုတွေရဲ့ နေထိုင်စားသောက်ရာ နေရာတွေဘဲပျက်စီးရမှာဖြစ်တယ်” ဟုပြောကြားခဲ့သည်။
ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုအခမ်းအနား သို့ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံ အာဏာပိုင်များ၊ ကော်သူးလေဒေသအတွင်းရှိ ပြည်သူ လူထုများနှင့် ထိုင်းနိုင်ငံမှ ပြည်သူလူထု စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။