Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ဘိတ်-ထားဝယ် ခရိုင်တွင်၊ ခရိုင် အဆင့် ကော်သူးလေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUK) ကို ဖွဲ့စည်း။

၂၀၂၅ ခုနှစ်၊မတ်လ (၂၅) ရက်၊ကေအဲန်ယူ-ဗဟို။
ဘိတ်-ထားဝယ် ခရိုင်တွင်၊ ခရိုင် အဆင့် ကော်သူးလေ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUK)ကို မတ်လ (၆) ရက် ၂၀၂၅ ခုနှစ်တွင် ကော်သူးလေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(FTUK) ဥက္ကဌ ပဒိုအယ်ထူးမှ ဦိးဆောင်ပြီး ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် သည့် အနေဖြင့် မတ်လ (၄) ရက်နှင့် (၅) ရက်နေ့များတွင် ပဒိုအယ်ထူးမှ FTUK ၏ နောက်ခံ သမိုင်းကြောင်း၊ ရည်ရွယ်ချက် နှင့် ဖွဲ့စည်းတည်ဆောက်ပုံများအပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်မှ လွပ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်(Freedom of Association - FoA)၊ ကမ္ဘာ့အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကို မျှဝေပို့ချခဲ့သည်။ ထို့အပြင်၊ တောင်သူလယ်သမား များအတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်မာရေး ဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းခွင်ဆိုင်ရာ အဖြစ်များသော ရောဂါများ၊ ဘေးအန္တရာယ်ထိန်းချုပ်ခြင်းနှင့် အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများကိုလည်း ဆွေးနွေးပို့ချခဲ့သည်။
ထို့နောက် မတ်လ (၆) ရက်နေ့တွင် ပဒိုအယ်ထူးမှ ကော်သူးလေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUK) ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကော်သူးလေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUK) ၏ သဘောထား ရပ်တည်ချက်များကို အသေးစိတ်ရှင်းလင်းခဲ့ပြီး ခရိုင်ရှိ ကျန်းမာရေး လုပ်သားများ၊ ပညာရေး လုပ်သားများနှင့် စိုက်ပျိုးရေး လုပ်သားများ၏ ခေါင်း ဆောင် ကိုယ်စားလှယ်များဖြင့် ခရိုင် အလုပ်သမား သမဂ္ဂကို ဖွဲ့စည်းခဲ့ပြီး ရှေ့လုပ်ငန်းစဉ်အတွက် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ကော်သူးလေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUK) ကို အောက်တိုဘာလ (၇) ရက်နေ့ ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကေအဲန်ယူ-ကရင့် အမျိုူးသား အစည်းအရုံးမှ ကိုယ်စားလှယ် ခေါင်း ဆောင်များ၊ မြန်မာ နိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(FTUB)နှင့် အမေရိကန်နိုင်ငံမှ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(AFL-CIO)များမှလည်း တက်ရောက်အားပေးခဲ့ကြသည်။