Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Departments

KNU-Department of Organization and Information annual meeting

၂၀၂၀ ခုနှစ်၊ မတ်လ၊ ၆ ရက်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန ၏ နှစ်ပတ်လည် အစည်းအဝေး အား စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနချုပ်၊ မဲ့ဝါးကလိုးတွင် ၂၀၂၀ ခုနှစ်၊ မတ်လ၊ ၄ ရက် မှ ၆ ရက် အထိ (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေး သို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် ပဒိုစောသမိန်ထွန်း အပါအဝင် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန ခေါင်းဆောင်များ၊ ဌာနခွဲခေါင်းဆောင်များ၊ ခရိုင် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန တာဝန်ခံများ၊ ဗဟို ကရင်အမျိုးသမီးအစည်းအရုံး၊ ဗဟို ကရင်လူငယ် အစည်းအရုံး ကိုယ်စားလှယ်များ၊ ကော်သူးလေအလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်များ၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန နှင့် သက်ဆိုင်သော ဗဟို အမြဲတမ်းကော်မတီဝင်များ စုစုပေါင်း (၄၆)ဦး တက်ရောက် ခဲ့ပါ သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်း မှ ကရင့်တော်လှန်ရေး သမိုင်း နှင့် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန ၏ လုပ်ငန်းစဉ်များ အတွက် တိုက်တွန်း လမ်းညွန်အားပေးစကား ပြောကြားပေးခဲ့ပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း မှ လည်း လက်ရှိနိုင်ငံရေး အခြေအနေ နှင့် ကေအဲန်ယူ ၏ ရှေ့ဆက် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အစည်းအဝေး တွင် ဌာန အတွင်းရေးမှူး အစီရင်ခံစာ၊ ဌာနခွဲ အလိုက် အစီရင်ခံစာ၊ ကရင်အမျိုးသမီး အစည်းအရုံး အစီရင်ခံစာ၊ ကရင်လူငယ်အစည်းအရုံး အစီရင်ခံစာ၊ ကော်သူးလေအလုပ်သမားသမဂ္ဂ အစီရင်ခံစာ စသည်တို့ကို တင်ပြအစီရင်ခံခြင်း နှင့် ထောက်ပြ ပြင်ဆင် ဖြည့်စွက် အကြံပြုခြင်း များ ပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အစီရင်ခံစာများ အရ လုပ်ငန်းအခြေအနေ၊ ဒေသအခြေအနေ၊ အဖွဲ့အစည်း အခြေအနေများ ကို လေ့လာသုံးသပ် ခဲ့ကြပါသည်။ ထို့အတူ စိန်ခေါ်မှုများ နှင့် အခက်အခဲများ ကို လည်း ဆွေးနွေးတိုင်ပင် ခဲ့ကြပါသည်။
အစည်းအဝေး (၃)ရက်တာ အတွင်း ဌာန ၏ ရှေ့လုပ်ငန်းစဉ်များ အတွက် အထောက်အကူ ဖြစ်စေရန် သတင်းနှင့် ပြန်ကြားရေး ဌာနခွဲ၊ ပညာပေးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးဌာနခွဲ၊ သုတေသနနှင့် မှတ်တမ်း ဌာနခွဲ စသည်တို့ ၏ ရှေ့လုပ်ငန်းစဉ် များ ကို တိုင်ပင် ချမှတ်ခဲ့ကြပါသည်။
ဗဟို၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန မှ မူကြမ်းရေးဆွဲထားသော ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး ၏ မှတ်တမ်း နှင့် သတင်း မီဒီယာ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ကို လည်း လေ့လာ သုံးသပ် ဆွေးနွေးပြီး ပြင်ဆင်ဖြည့်စွက်ခြင်း များ ကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပြင်ဆင်ဖြည့်စွက် မွမ်းမံ ထားသည့် မူကြမ်း ကို သတင်း နှင့် ပြန်ကြားရေး ဌာနခွဲ ၏ အလုပ်ရုံဆွေးနွေးပွဲ တွင် ပြန်လည် တည်းဖြတ် အတည်ပြု သွားမည် ဖြစ်ပြီး ဗဟို၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ အမြဲတမ်းကော်မတီ အစည်းအဝေး တွင် အဆိုပြု တင်ပြ အတည်ပြု သွားမည် ဖြစ်ပါသည်။

စည်းရုံးရေး နှင့် ပြန်ကြားရေးဌာန သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ဌာန (၁၄) ခု ထဲတွင် အရေးကြီးသော ဌာန တစ်ခု ဖြစ်ပါသည်။ ဌာန ၏ လက်အောက်တွင် ဌာနခွဲ (၃) ခု အဖြစ် သတင်း နှင့် ပြန်ကြားရေးဌာနခွဲ၊ ပညာပေးရေး နှင့် ဖွဲ့စည်းတည်ဆောက်ရေးဌာနခွဲ၊ သုတေသနနှင့် မှတ်တမ်း ဌာနခွဲ တို့ ပါရှိပြီး အခြားသော ဌာနငယ် (၃) ခု အဖြစ် ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်လူငယ် အစည်းအရုံး၊ ကော်သူးလေ အလုပ်သမား သမဂ္ဂ တို့ ပါရှိပါသည်။