Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Peace Process

18th Union Peace Dialogue Joint Committee Meeting

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)
(၁၈) ကြိမ်မြောက် အစည်းအဝေး

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနချုပ်၊ နေပြည်တော်
၂၀၂၀- မတ်လ- (၁၂) ရက်

(၁၈) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို မတ်လ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီတွင် နေပြည်တော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ စတင်ကျင်းပသည်။ အစည်းအ၀ေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အစည်းအ၀ေးအဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် UPDJC ဒုတိယဥက္ကဌဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အစုအဖွဲ့ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် UPDJC ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ ဦးသု၀ေ တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။