Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

Dooplaya District Announcement on the COVID-19 (Corona virus) and to following health guidelines

COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာလမ်းညွန်ချက်များ၊ ထုတ်ပြန်ချက်များကို မလိုက်နာပါက ဒေသန္တရ ဥပဒေအရ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် မှ ညွန်ကြားချက် ထုတ်ပြန်ထားသည်။

ကေအဲန်ယူ - ဒူးပလာယာခရိုင်အတွင်း နေထိုင်သူများသည် COVID-19 နှင့် ပတ်သက်ပြီး လိုက်နာရန် ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်များ လိုက်နာရမည်ဖြစ်သည်။ ပြည်ပမှ ပြန်လာသူများအား စောင့်ကြည့်ရေးကာလအတွက် သီးခြားစောင့်ကြည့်မည့် နေရာများတွင် (၁၄) ရက်တာ သီးသန့်နေထိုင်ရမည် ဖြစ်သည်။ 

ညွန်ကြားချက်များကို မလိုက်နာပါက အချုပ် (၁၅) ရက် အကျခံရမည်ဖြစ်သည်။ ညွန်ကြားချက်များကို လိုက်နာမှုရှိစေရန် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေး၊ စစ်ရေးအာဏာပိုင်များမှ ဦးဆောင်ပေးသွားမည် ဖြစ်သည်။ ဒူးပလယာခရိုင်အတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ရေးတွင် အမျိုးသားအရေးတစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။

ဒူးပလာယာခရိုင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးဌာန အနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး အဖွဲ့အစည်းအတွင်းရှိ သက်ဆိုင်ရာ ကျန်းမာရေးဌာနများကို COVID-19 ကာကွယ်ရေးဆိုင်ရာ သင်တန်းများ ပို့ချထားပြီ ဖြစ်သည်။ ဒူးပလာယာခရိုင်အတွင်းရှိ ဝင်းရေးမြို့နယ်၊ နို့တကောမြို့နယ်၊ ကျုံဒိုးမြို့နယ်၊ ကောကရိတ်မြို့နယ် တို့တွင် ပြည်ပမှ ပြန်လာသူများအတွက် သီးသန့်စောင့်ကြည့်နေရာ တစ်မြို့နယ်လျှင် (၂) နေရာစီ သက်မှတ်ပေးထားပြီဖြစ်သည်။

မြို့နယ်ကျန်းမာရေးဌာနများ အနေဖြင့်လည်း ကျေးရွာများအထိဆင်းပြီး COVID-19 ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရေး အစီအစဉ်များကို ဆောင်ရွက်နေပြီဖြစ်သည်။ COVID-19 ရောဂါ သံသယလူနာများတွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာဌာန အဆင့်ဆင့်ကိုလွဲပြောင်းမှုဆိုင်ရာ အစီအစဉ်များ ချထားပြီဖြစ်သည်။ ယခုအချိန်အထိ ကေအဲန်ယူ-ဒူးပလာယာခရိုင် ထိန်းချုပ်နယ်မြေအတွင်း COVID-19 သံသယလူနာ တွေ့ရှိမှု မရှိသေးကြောင်းလည်း သိရသည်။

COVID-19 ဆိုင်ရာ ထူးခြားမှုများ တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါသည်။
၀၉-၇၇၆၄၇၆၀၁၆ (ခရိုင်ရုံး)
၀၉-၆၈၁၈၆၆၇၂၀(ခရိုင်-ကျန်းမာရေးဌာနမှုး)
၀၉-၇၈၀၈၀၅၀၆၇၊၀၉-၄၅၈၇၁၃၃၂၈ (နို့တကောမြို့နယ်)
၀၉-၇၇၄၂၉၁၅၈၅ (ကျုံဒိုးမြို့နယ်)
၀၉-၇၆၀၅၀၂၄၃၁၊ ၀၉-၄၉၃၃၈၂၀၀၊ ၀၉-၄၅၄၉၂၄၄၁၅၊၀၉-၇၉၈၀၈၂၆၅၅ (ဝင်းရေးမြို့နယ်)
၀၉-၄၄၃၆၇၃၀၉၉ ၊ ၀၉-၄၉၇၇၄၀၃၂ (ကော့ကရိတ်မြို့နယ်)

၃ဝ၊ မတ်လ၊၂ဝ၂ဝ၊ ဒူးပလာယာခရိုင်