Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

Establishment of awareness groups on COVID-19 (Coronavirus)

ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်း COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ရောဂါနှင့် ပါတ်သက်ပြီး အသိပညာပေးရေးအဖွဲ့များ ယနေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အသိပညာပေးရေး အစုအဖွဲ့ (၅) ဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုကြီး(၄၁) အုပ်စုသို့ COVID-19 နှင့် ပတ်သက်ပြီး လိုက်နာရန်များ စောင်ရန်ရှောင်ရန်များကို လိုက်လံရှင်းပြပေးမည်ဖြစ်သည်။

ဝင်းရေးမြို့နယ်အတွင်း ပြည်ပမှ ပြန်လာသူများအတွက် (၁၄)ရက်တာ သီးသန့်နေရမည့် နေရာ(၂)ခု စီစဉ်ထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင်လည်း ပြည်ပမှ ပြန်လာသူတစ်ချို့သည် မိမိတို့အစီအစဉ်ဖြင့် သီးသန့်နေထိုင်မှုများရှိကြောင်းလည်း သိရသည်။

ကျန်းမာရေးထူးခြားဖြစ်စဉ်များအတွက်လည်း ကော်သူးလေကျန်းမာရေးဌာန၊ အစိုးရကျန်းမာရေးဌာန တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဝင်းရေးမြို့နယ် အနေဖြင့် COVID-19 ရောဂါ ကူးစက်မှု ပြန့်ပွားမှုအား ကာကွယ်ရန်အတွက် ခရီးသွားပြည်သူများအား ကျေးရွာအတွင်း ရပ်နားခြင်း၊တည်းခိုခြင်းများ မပြုလုပ်ရန်၊လူစုလူဝေးများ မပြုလုပ်ရန်တားမြစ်ထားသည်။

ပြည်ပမှ ပြန်လာသူများသည်လည်း မိမိကျေးရွာ ဥက္ကဌ၊အုပ်ချုပ်ရေးအဖွဲ့များ၏ စီမံဆောင်ရွက်မှုများအား လိုက်နာရန်၊ သက်ဆိုင်ရာကျန်းမာရေးဌာနများ၏ ညွန်ကြားမှုများအပေါ်လိုက်နာကြရန် အသိပေးထုတ်ပြန်ထားသည်။

၂၈၊ မတ်လ၊၂ဝ၂ဝ၊ ဝင်းရေးမြို့နယ်