Notice
  • English
  • Karen
  • Myanmar

Council & Committees


Patrons

နာယကကြီးများရှိရမည့်ဂုဏ်အင်္ဂါရပ်များ

(၁) အသက်အရွယ်ကြီးရင့်သော ခေါင်းဆောင်များဖြစ်၍ တော်လှန်ရေးတာဝန်ကို အချိန်ပြည့်မထမ်း ဆောင်နိုင်တော့သော ခေါင်းဆောင်များ၊
(၂) တော်လှန်ရေးတာဝန်များကို တစိုက်မတ်မတ်ထမ်းဆောင်ခဲ့၍ ကရင်တော်လှန်ရေး၏ နိုင်ငံရေး လမ်းစဉ်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သော ခေါင်းဆောင်၊
(၃) တော်လှန်ရေးတွင် ဖြတ်သန်းမှုအတွေ့အကြုံရင့်ကျက်၍ တော်လှန်ရေးသမားများအား အကြံဉာဏ်များပေးနိုင်သော ခေါင်းဆောင်၊
(၄) ဂုဏ်သရေရှိ လူကြီးအဖြစ် ကရင်လူထုနှင့်တော်လှန်ရေး ရဲဘော်တို့လေးစားမှုပြုခြင်းခံရသော ခေါင်းဆောင်။

နာယကကြီးများအတွက် တာဝန်နှင့် အခွင့်အရေးများ

(၁)ကေအဲန်ယူအစည်းအဝေး(သို့) ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးနှင့် ဗဟိုကော်မတီ အစည်းအဝေးတွင် တက်ရောက်နိုင်သည်။ ခရိုင်၊ မြို့နယ် အဆင့်များတွင်လည်း ထိုနည်းတူစွာ ပြုလုပ်ရမည်။
(၂)အစည်းအဝေးတွင် အကြံပေးပိုင်ခွင့်၊ သုံးသပ်ခွင့်နှင့် တော်လှန်ရေးရဲဘော်ရဲဘက်များအား တိုက်တွန်းအားပေးခြင်းများ ပြုလုပ်နိုင်သည်။
(၃)ကေအဲန်ယူအစည်းအရုံး၏ အင်အားအခြေအနေအပေါ်မူတည်၍ အဖွဲ့အစည်း၏ ကူညီထောက်ပံ့မှုများကို ရရှိပိုင်ခွင့်ရှိသည်။
(၄) နာယကကြီးများကို ဗဟို/ခရိုင်/မြို့နယ်အဆင့်ဆင့်တွင် သတ်မှတ်ထားသည်။

Politic & Organizing Committee

Politic & Organizing Committee

National Security & Military Council

National Security & Military Council

Disciplinary Monitoring Council

(၁) ကော်မတီဥက္ကဌသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီထဲမှ ဖြစ်ရမည်။
(၂) ကော်မတီအဖွဲ့အား ကော်မတီဝင်ဦးရေ (၅) ဦးမှ (၇) ဦးအထိ ရွေးချယ်နိုင်သည်။
(၃) ကော်မတီဝင်များထဲမှ ကော်မတီဥက္ကဌတစ်ဦး ရွွေးချယ်တင်မြှောက်ရမည်။
(၄) စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေး ကော်မတီ၏ တာဝန်သည် ကေအဲန်ယူအဖွဲ့ဝင်များ၊ ကေအဲန်ယူ အစည်းအရုံး၏ အခြေခံဥပဒေ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များကို လိုက်နာလုပ်ဆောင်ရန်နှင့် ဆန့်ကျင်သွေဖီသွားခြင်းများ မပြုလုပ်ရန်အတွက် ထိန်းသိမ်းကြီးကြပ်ရမည်ဖြစ်သည်။
(၅) အဖွဲ့ဝင်များထဲမှ စည်းကမ်း၊ ဥပဒေများအား ချိုးဖောက်ကျူးလွန်သည်ဟု ကော်မတီမှ တွေ့ရှိပါက ထိုသူအား ပညာပေးခြင်းနှင့် အကြံပေးလမ်းညွှန်မှုများ ပြုလုပ်သွားရမည်။
(၆) စည်းမျဉ်းစည်းကမ်းအရ အကြံပေးလမ်းညွှန်မှုပြုသော်လည်း လိုက်နာ၍ ပြုပြင်ခြင်းမရှိသူအား အရေးယူ မှုပြုရန်အတွက် ကေအဲန်ယူဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ တင်ပြရမည်။
(၇) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် တာဝန်ပေးအပ်ခံရသူ တစ်ဦးတစ်ယော်ကဖြစ်စေ၊ အဖွဲ့တဖွဲ့ ဖြစ်စေ၊ တာဝန်ယူဆောင်ရွက်ခြင်းရှိမရှိ စီစစ်၍ တာဝန်ပြီးမြောက်စေရန်အတွက် အသိပေး နိုးဆော်ရမည်။
(၈) ကော်မတီ၏ လုပ်ငန်းအစီအစဉ်များကို ချမှတ်၍ လုပ်ဆောင်သွားရမည်။
(၉) စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီများကို ဗဟို/ ခရိုင်/ မြို့နယ်အဆင့်ဆင့်တွင် ဖွဲ့စည်း တည်ထောင်ရမည်။

Finance Committee

ဘဏ္ဍာရေးကော်မတီ၏ တာဝန်မှာ အဖွဲ့အစည်းမှရရှိသော ငွေကြေးများသုံးစွဲရာတွင် ဘဏ္ဍာရေး ဗဟိုကြိုးကိုင်မှုစနစ်အရ နည်းမှန်လမ်းမှန်သုံးစွဲရန်နှင့် လူတစ်ဦးတည်းမှဆုံးဖြတ်၍ သုံးစွဲခြင်းမပြုဘဲ၊ အမျိုးသားအတွက် အမှန်တကယ် အကျိုးရှိစေရန်၊ ကော်မတီမှ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်း အစီအစဉ်များကို ချမှတ်လုပ်ဆောင်ရမည်။
(၁) ကော်မတီ၏ လုပ်ငန်းအစီအစဉ်များကို ချမှတ်၍ လုပ်ဆောင်သွားရမည်။
(၂) ကော်မတီအဖွဲ့အား ကော်မတီဝင်ဦးရေ (၅)ဦးမှ (၇)ဦးအထိ ရွေးချယ်ထားရှိသွားနိုင်သည်။
(၃) ကော်မတီဥက္ကဌသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီထဲမှ ဖြစ်ရမည်။
(၄)ကော်မတီဥက္ကဌမှ ဘဏ္ဍာရေးကော်မတီတစ်ဖွဲ့ကို ဖွဲ့စည်းပြီး ဗဟိုအလုပ်အမှုဆောင်ထံသို့ တင်ပြပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အတည်ပြုရမည်။
(၅) ကော်မတီသည် ကော်မတီ၏ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ ဘဏ္ဍာရေးမူဝါဒနှင့် ဆက်စပ်သော လုပ်ငန်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲချမှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ လုပ်ဆောင်ပြီး ဗဟိုအမြဲတမ်းကော်မတီတွင် အတည်ပြုချက်ယူရမည်။
(၆) ကော်မတီသည် ကေအဲန်ယူ၏ အဖွဲ့အစည်းတခုလုံးအတွက် ရသုံးမှန်းခြေ ငွေကြေးစနစ်ကို ချမှတ်ရမည်။ အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာ စစ်ရေးနှင့်အဖွဲ့အစည်းနှင့် သက်ဆိုင်သည့်အခြား သုံးစရိတ်များ ပါဝင်ရမည်။
(၇) လိုအပ်ပါက နိုင်ငံတကာအဖွဲ့အစည်းနှင့် အဖွဲ့အစည်းအတွက်လိုအပ်သည့် ငွေကြေးအသုံးစရိတ်များ ဆက်သွယ်ပြီး ရယူနိုင်သည်။
(၈) အဖွဲ့အစည်း အဆင့်ဆင့်၏ အသုံးစရိတ် စီမံခန့်ခွဲမှုများကို နှစ်စဉ်ဘဏ္ဍာရေး နှစ်ကုန်ဆုံးသည့်နှင့် စာရင်းစစ်မှုကို ပြုလုပ်ပြီး အနီးဆုံး အလုပ်အမှုဆောင် အစည်းအဝေးတွင် တင်ပြရမည်။

မှတ်ချက်။ ။ ဘဏ္ဍာရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှေ့တွင်ဖြည့်စွက်ပြင်ဆင်ရေးဆွဲသွားမည်။
မှတ်ချက်။ ။ကောင်စီနှင့်လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို လိုအပ်သလိုရှေ့ဆက်ရေးဆွဲချမှတ်သွားရန်။

Economic Committee

၂၀၁၃ ခုနစ်တွင် ကေအဲန်ယူ-ဗဟိုစီးပွားရေးကော်မတီသည် ကြားကာလဆိုင်ရာ စီးပွားရေးမူဝါဒ (၁၁) ချက် ချမှတ်ထားသည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ကေအဲန်ယူသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန် မျှော်မှန်းသည့် စီးပွားရေးမူဝါဒနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်ကို နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရေးအတွက် လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ အ ထောက်အကူပေးခြင်း၊ ကော်မတီဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ဖော်ထုတ်ကျင်းပခြင်း စသည်တို့ကိုလုပ်ဆောင်ပါသည်။ အပစ်အခတ်ရပ်စဲရေး နယ်မြေဒေသတွင်းရှိ အရပ်သားများအား အထူးနစ်နာထိခိုက်စေမည့် စီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို တားမြစ်ပြီး မည်သည့် စီးပွားရေးလုပ်ငန်းကိုမဆို ဒေသခံပြည်သူလူထု ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်နှင့် အကျိုးအမြတ်ခွဲဝေရယူခွင့် (Benefit Sharing) ဆိုင်ရာ လုပ်ငန်းစဉ်အား အသိပညာပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းများကို လုပ်ဆောင်နေပါသည်။ ကြားကာလအတွင်း အပစ်အခတ်ရပ်စဲရေး နယ်မြေများတွင် ဝင်ရောက်လုပ်ကိုင်သည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအား စနစ်တကျ ဖြစ်စေရေးအတွက် ကေအဲန်ယူ - ဗဟိုစီးပွားရေးကော်မတီမှ လုပ်ငန်းမှတ်ပုံတင်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း၊ ကြပ်မတ်ခြင်း စသည့်လုပ်ငန်းအစီအစဉ်ကို လည်းဆောင်ရွက်မည်ဖြစ်သည်။

ကရင်အမျိုးသားများနှင့် ပြည်သူလူထု၏ အကျိုးကို ဉီးထိပ်ထားပြီး ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကြိုးပမ်ဆောင်ရွက်သွားမည်။ ဖွံ့ဖြိုးတိုးတက်သော လူမှုဘဝ ဖူလုံရေးကို စည်းစနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားမည်။ ပြုပြင်ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေအောက်တွင် လူမှုစီးပွားများကိုအကောင်အထည်ဖေါ် ကြိုးပမ်းဆောင်ရွက်သွားမည်။ မည်သည့်အခြေအနေဖြစ်စေကာမူ ကရင်အမျိုးသားများနှင့် ပြည်သူလူထု အကျိုးအတွက် စွဲမြဲစွာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်သည်။


ရည်ရွယ်ချက် နှင့် ရည်မှန်းချက်

၁။ ကေအဲန်ယူ အုပ်ချုပ်မှုနယ်မြေများအတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်းနှင့် သင့်တော်သည့် အခွန်ငွေများ ရရှိစေရန်။

၂။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေသည့် ကာလအတွင်း မိမိအခြေခံဒေသများတွင် ဝင်ရောက်လာမည့် စီးပွားရေးဆိုင်ရာလုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲရန်၊ တုံ့ပြန်ဖြေရှင်းရန်။

၃။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် စီးပွားရေးကဏ္ဍဆိုင်ရာ လိုအပ်သည့် အချက်အလက်များရရှိရေးအတွက် သုတေသနပြုခြင်းနှင့် ပါဝင်ဆွေးနွေးရန်။


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ စီးပွားရေးမူဝါဒ

၁။ ဒေသခံလူထု အများစုအတွက် အကျိုးဖြစ်ထွန်းသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ရမည်။

၂။ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု ဖြစ်စဉ်းများကို အထောက်အကူပြုရမည်။

၃။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ရံပုံငွေရရှိရန်။

၄။ ကရင်စီးပွားရေးဆိုင်ရာ လူမှုအဖွဲ့အစည်းဖြစ်ထွန်းရေးနှင့် ကရင်စီးပွားရေး အလယ်အလတ် လူတန်းစားတစ်ရပ်ဖေါ်ထုတ်ရန်။

၅။ ကရင်ပြည်သူများစီးပွားရေးလုပ်ငန်းများတွင် ပိုမိုပါဝင်လာခြင်းနှင့်အတူ နည်းပညာနှင့် အလုပ်အ ကိုင် အခွင့်အလမ်းများ ဖေါ်ထုတ်ရန်။

၆။ စိုက်ပျိုးရေးကို အခြေခံသော ကရင်အသေးစားနှင့် အလတ်စား (SME-Small and Medium Enterprise) အခြေခံလုပ်ငန်းများ ပေါ်ထွန်းရေးကို အားပေးရန်။

၇။ ဒေသခံများ၏ လုပ်ကိုင်မှုစွမ်းရည်မြှင့်တင်ရေးကို ရှေ့ရှုသည့် လုပ်ငန်းအထောက်အကူပြုသင်တန်းများ (Vocational Training) ဖေါ်ထုတ်ရန်။

၈။ ဝန်ဆောင်မှုလုပ်ငန်းများ ဖေါ်ထုတ်၍ ဒေသခံ (သို့) ကရင်အမျိုးသား စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော စီးပွားရေးလုပ်ငန်းများ ဖေါ်ထုတ်ရန်။

၉။ ကရင်စီးပွားရေး ရွှေ့ပြောင်းနေရာချထားမှုများအပေါ် အမျိုးသားစီမံကိန်း ရေးဆွဲဆောင်ရွက်သွားရန်။

၁၀။ ဆင်းရဲမှုမွဲတေမှု လျော့ချရေးဆိုင်ရာ လုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရန်။

၁၁။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလျှော့ချရေးနှင့် ထိန်းသိမ်းရေး အစီအမံအထားရှိရန်။

Honors Committee

Coming Soon!

Environmental and Naturel Resources Conservation Committee

၁။ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်းရေးဆိုင်ရာမူဝါဒ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများ ရေးဆွဲချမှတ်ရမည်။
၂။ ကေအဲန်ယူ နယ်မြေအတွင်းရှိ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ အစီအစဉ်များချမှတ်ပြီး ကြီးကြပ်ဆောင်ရွက်ရမည်။
၃။ သယံဇာတထုတ်ယူတူးဖေါ်ခြင်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်နစ်နာမှုများအတွက် လေ့လာဆန်းစစ်မှုများ၏ ရလဒ် ဆိုးကျိုး ကောင်းကျိုးအတွက် အစီရင်ခံစာကို စီစစ်အတည်ပြုရမည်။
၄။ သယံဇာတများတူးဖေါ်ခြင်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ ခွင့်ပြုချက်ရရှိပြီးသားအတွက် သဘာ၀ပတ်ဝန်း ကျင် ထိန်းသိမ်းရေးအစီအစဉ်များချမှတ်ပြီး ကြီးကြပ်အကောင်အထည်ဖော်ရမည်။
၅။ သယံဇာတများ ထုတ်ယူတူးဖေါ်ခြင်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ရာတွင် သဘာဝသ ယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ၏ ထောက်ခံချက်ကို ရယူရမည်။

Land Committee

Coming Soon!

Human Rights Committee

၁။ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး ဖေါ်ထုတ်၍ အစီရင်ခံစာများ ပြုစုရမည်။
၂။ စုံစမ်းစစ်ဆေးမှုနှင့် အစီရင်ခံစာများရေးသားပြုစုရာတွင် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံနှုန်းနှင့်အညီ ဆောင်ရွက်ရမည်။
၃။ လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများ ပြည်တွင်း၊ ပြည်ပနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
၄။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပြည်သူများ ပိုမိုသိရှိနားလည်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင် ရွက်သွားရမည်။
၅။ ကော်မတီကို အဖွဲ့ဝင် (၅) ဦးမှ (၇) ဦးအထိ ပါဝင်ဖွဲ့စည်းနိုင်သည်။

Judicial Committee

Coming Soon!

Border Affairs Committee

Border Affairs Committee

Governance & Social Committee

Border Affairs Committee

Governance Capacity Strengthening Committee

Governance Capacity Strengthening Committee