Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ခလယ်လွီထူခရိုင်၏ လူငယ်စွမ်းရည်မြင့်တင်ရေးအစီအစဉ် (Wisdom) ကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်

မတ်လ (၁၇) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်တွင် ခလယ်လွီထူခရိုင်၏ ပထမအကြိမ်မြောက် လူငယ်စွမ်းရည်မြင့်တင်ရေးအစီအစဉ် (Wisdom) ကျောင်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။
“လူငယ်တွေအတွက် ရင်းနီးမြုပ်နှံမှု ပြုလုပ် ခြင်းဟာ နိုင်ငံအနာဂတ်အတွက်ရင်းနီးမြုပ်နှံခြင်းဖြစ်တယ်” ဆိုသည့်အတိုင်း လူငယ်စွမ်းရည်မြင့်တင်ခြင်း အ စီအစဉ် (Wisdom) ကျောင်းကို (၁) ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံးမှ ချမှတ်ထားသော ကရင့်တော်လှန်ရေးခံယူချက် သဘောတရား၊ စိတ်ဓာတ် ရေးရာ၊ နိုင်ငံရေး၊ စည်းရုံးရေး၊ အတက်ပညာပိုင်းဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာ၊ စီမံခန့်ခွဲအုပ်ချုပ်ရေး ဆိုင်ရာ များအား တတ်ကြွားသိရှိနာလည် သဘောပေါက်စေရန်၊ (၂)ကရင့်တော်လှန်ရေး ခံယူချက်သဘောတရား၊ နိုင်ငံရေး၊ စိတ်ဓာတ်ရေးရာ၊ အတက်ပညာများကို မိမိတို့ဒေသများတွင် များပြန်လည်တည်ဆောက် ဖော်ဆောင်နိုင်ရန်၊ (၃) စဉ်ဆက်မပြတ် လေ့လာသင်ယူမှုဖြင့် နိုင်ငံတကာနှင့်ရေပေါ်တန်းကာ လေ့လာ သင်ယူနိုင်သော ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာစေရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
ထိုအစီအစဉ်တွင် ခလယ်လွီထူခရိုင် အတွင်းရှိ ဆောထိမြို့နယ်၊ လယ်ဒိုမြို့နယ်၊ မူးမြို့နယ် ကိုယ်စားပြု ကျောင်းသား လူငယ်များ၊ ခရိုင်၊ တပ်မဟာ၊ တပ်ရင်း ကိုယ်စားပြုလူငယ်များ စုစုပေါင်း (၃၂) ဦး (၂) နှစ် တာ တက်ရောက်သင်ယူ အောင်မြင်ပြီးစီးခဲ့ပါသည်။
ကျောင်းဆင်းပွဲအခမ်းအနားတွင် ဗဟို၊ ခရိုင်၊ မြို့နယ်၊ တပ်ရင်းမှတာဝန်ရှိ ခေါင်းဆောင်များနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြပြီး လူငယ်စွမ်းရည်မြင့် တင်ရေး အစီအစဉ် (Wisdom) ကျောင်း (၂) နှစ် တာတက်ရောက်အောင်မြင်ပြီးစီးခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းအောင်လက် မှတ် ပေးအပ်ချီးမြင့်ခြင်း၊ တက်ရောက်လာသည့်ခေါင်းဆောင် များမှ အမှာစကား၊ အားပေးစကား ပြောကြားခြင်း ၊ ဆရာ,ဆရာမများအား ဂုဏ်ပြုချီးမြောက်ခြင်း တို့ပြုလုပ် ကျင်းပခဲ့ပါသည်။