Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ခလယ်လွီထူခရိုင် ဥက္ကဌ ဦးဆောင်သည့် အဖွဲ့မှ ခလယ်လွီထူခရိုင်အတွင်း လူထုတွေ့ဆုံ ရှင်းလင်းပွဲများ ကျင်းပြုလုပ်

မေလ (၂၀) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်း ၂၀၂၅ခုနှစ် မေလ (၆) ရက်နေ့မှ (၁၇) ရက်နေ့ အထိ ခလယ်လွီထူခရိုင် ဥက္ကဌ ပဒိုစောအယ်ကလူသိန်း၊ ခလယ်လွီထူခရိုင် အတွင်းရေးမှူး ပဒိုစောလာဖိုး၊ လယ်ဒိုမြို့နယ် ဥက္ကဌ ပဒိုစောလှရွှေဟဲ၊ လယ်ဒိုကော်ဆာ အတွင်းရေးမှူး ပဒိုစောဝါးစေးနှင့် ဆောထိမြို့နယ်မှ အမြဲတမ်းကော်မတီနှင့် အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ပဒိုစောအယ်စတား နှင့်တခြားတာဝန်ရှိ ခေါင်းဆောင်များ မှ ဦးဆောင်ပြီး ဆောထိမြို့နယ် နှင့် လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်းရှိ ပြည်သူ လူထုများထံသို့ သွားရောက် ကွင်းဆင်း လေ့လာပြီး လူထုတွေ့ဆုံ ရှင်းလင်းပွဲများအား ကျင်းပ ပြုလုပ်ခဲ့သည်။
လူထုတွေ့ဆုံရှင်းလင်းပွဲအတွင်း (၁)အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် အခက် အခဲ ပြဿနာများနှင့် စစ်ဘေးရှောင်အခြေအနေများကို ကြည့်ရှုလေ့လာစစ်ဆေးခြင်း၊ (၂)ကေအဲန်ယူ− အခြေခံ ဖွဲ့စည်းပုံအတွင်း ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သော (၇)ဦး ပါဝင်သည့် ကျေးရွာအုပ်စု အလုပ်အမှုဆောင်ကော်မတီဝင်များနှင့်တွေ့ဆုံပြီး နိုင်ငံရေးအခြေအနေနှင့် ပြည်သူလူထုမှ လုပ်ဆောင်ရမည့် အုပ်ချုပ်ရေးလုပ်ငန်းများကို ရှင်းလင်းခြင်း၊ (၃)တရားဥပဒေစိုးမိုးရေး ပေါ်ပေါက်လာစေရန် မည်သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးခြင်း၊ (၄) KNLAမှ တာဝန်ရှိခေါင်းဆောင်များနှင့် PDFမှ တာဝန်ရှိ ခေါင်းဆောင်များ စသည့်တပ်ပိုင်းဆိုင်ရာများနှင့် တွေ့ဆုံပြီး KNUမှ ချမှတ်သည့် လုပ်ငန်းစဉ်အပေါ် ပြည်သူလူထုနှင့် မည်သို့ယှဉ်တွဲနေထိုင်၊ ပြုမူဆောင်ရွက် ရမည်ကို ရှင်းလင်းခြင်းများကို ပြုလုပ်ခဲ့သည်။
ကေအဲန်ယူ-ခလယ်လွီထူခရိုင်တွင် ဆောထိမြို့နယ်၊ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ် (၃)မြို့နယ်ရှိသည့်အနက် ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်မှ စစ်တောင်းမြစ်အရှေ့/အနောက်ရှိ ကျေးရွာအုပ်စုများတွင်သာ လူထု တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။