Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

KNU-Klwer Lwee Htu District's civil society organization provide rice for society who are in need.

၂၅-၆-၂၀၂၀၊ သူးလေသတင်းစဉ်

၂၀၂၀ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်အ တွင်းရှိ ဒေသခံလူ မှုကူညီ ရေးအဖွဲ့အစည်း များမှကေအဲန်ယူ-ကရင်အမျိုးသားအစည်းအ ရုံးကျောက်ကြီးမြို့နယ်တာ၀န်ရှိသူများနှင့် ပူးပေါင်းကာ Covid-19 ကာလအတွင်းစား၀တ်နေရေးအခက်အခဲများ ကြုံတွေ့နေရသော ကျောက်ကြီးမြို့နယ်အတွင်းရှိ ကွီးလားကျေးရွာအုပ်စု ရွာသူရွာသားများကို ဆန်အိတ် (၉၈) အိတ် သွားရောက်လှူဒါန်း ခဲ့ပါသည်။ သည်ကူညီ ထောက်ပံ့ ရေးအစီအစဉ်ကို (၃) ကြိမ် မြောက်ရှိခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိင်ငံအတွင်းရှိ (Covid-19) ရောဂါ မပပျောက်သေးသည့်အတွက် မြန်မာပြည် အစိုးရက ထုတ်ပြန်ကြေညာထားသည့် Covid-19 နဲ့ပတ်သက်သော လိုက်နာရမဲ့ ဥပေဒများကို မဖျက်သိမ်းသလို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဘက်မှာလည်း Covid-19 ကာလအတွင်းညွန်ကြားထားသော လိုက်နာရမဲ့ စည်းကမ်းချက်များကို မဖျက်သိမ်းသည့်အတွက် လက်လုပ်လက်စား ဘဝ နဲ့ရပ်တည်နေရတဲ့ ဒေသခံ ပြည်သူများ ကိုစား၀တ်နေရေး အတွက်အ ခက်အခဲနဲ့ ကြုံတွေ့နေရဆဲဖြစ်ပါသည်။ ထို့ကြောင့်ဒေသခံ လူမှုကူညီရေးအဖွဲ့အစည်းများသည်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တာ၀န်ရှိသူ များနှင့် ပူးပေါင်းကာ (Covid-19) ကာလအတွင်းစား၀တ်နေရေး အခက်အခဲများ ရင်ဆိုင်နေရသည့်ဒေသခံ ပြည်သူများကို ကူညီထောက်ပံ့ ရေးအစီအစဉ်များဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

မြန်မာပြည် အစိုးရ ကျန်းမာရေးဦးစီးဌာန၏ အစီရင်ခံစာအရ (Covid-19) ရောဂါသည် မြန်မာနိုင်ငံအတွင်းတွင် မတ်လ (၂၃) ရက်၊၂၀၂၀ခုနှစ်မှ စတင်တွေ့ရှိ လာပြီး ၂၀၂၀ခုနှစ် ဇွန်လ (၂၅) ရက်နေ့မှာ ရောဂါကူးစက်ခံရသူစုစုပေါင်း (၂၉၂) ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ (၂၀၈) ဦးနှင့် သေဆုံးသူ (၆) ဦး ရှိကြောင်း သိရှိရသည်။