Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Departments

ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်ကာ တိုက်ပွဲဝင်ခဲ့ကြသော ပြည်သူများနှင့် ရဲဘော် ရဲဘက်များအတွက် ရည်စူးကာ သစ်ပင်များစိုက်ပျိုးခြင်း


ဇွန်လ (၁၈)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၏ ကော်သူးလေသစ်တော်ဌာန (KFD) မှ ဦးဆောင်ပြီး ကရင့်အမျိုးသားရဲ တပ်ဖွဲ့ (KNPF)၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန (DOI) နှင့် ကျေးရွာပြည်သူလူထုများ ပူးပေါင်းကာ ယနေ့ နံနက် (၈) နာရီ အချိန်မှစ၍ ဘောကထာသစ်တောကြိုးဝိုင်းတွင် သစ်ပင်များ စိုက်ပျိုးကြသည်။ ယခုလို သစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ ကရင်အမျိုး သားလွတ်မြောက်ရေးအတွက် အသက်စွန့်ကာ တိုက်ပွဲဝင်ခဲ့ကြသော ပြည်သူများနှင့် ရဲဘော်ရဲဘက်များအတွက် ရည်စူးကာ စိုက်ပျိုးရခြင်းဖြစ်သည်။


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၏ နယ်မြေအုပ် ချုပ်ရေး စနစ်တွင် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန၊ ကျန်းမာရေးနှင့်ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင် ရေး ဌာန၊ ပညာရေးနှင့်ယဉ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နှင့်ဘဏ္ဍာရေး ဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန၊ ကရင်အ မျိုး သားရဲတပ်ဖွဲ့ (KNPF)တို့ရှိသည်။


ထို့အပြင် တရားစီရင်ရေးကော်မတီ၊ စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ၊ စစ်ကော်မတီ၊ ဘဏ္ဍာ ရေး ကော်မတီ နှင့် နာယကအဖွဲ့များ ရှိကြပြီး ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၏ စီမံအုပ်ချုပ် ရေး နယ်မြေ အတွင်းတွင် ပြည်သူများကို ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။