Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National"  

  "From the Karen National Political Dialogue to establish a Federal Democratic Union"  

  • English
  • Karen
  • Myanmar

Details of the Activity

Districts

ကေအဲန်ယူ - ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် တစ်ပတ်တာ စိုက်ပျိုးရေးသင်တန်း ဖွင့်လှစ်


၁၄ ရက် ဩဂုတ်လ ၂၀၂၂ ခုနှစ် ကေအဲန်ယူ - ဗဟို

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ မဲပုတ်ကျေးရွာအုပ်စု၊ နိုရှဲကျေးရွာတွင် ဩဂုတ်လ(၅)ရက်နေ့၌ ကေအဲန်ယူ - ညောင်လေးပင်ခရိုင်မှ ခရိုင်၊မြို့ နယ် လယ်ယာစိုက်ပျိုးရေးဌာန၏ တာဝန်ရှိခေါင်းဆောင်များ ဦးဆောင်ပြီး တစ်ပတ်တာ စိုက်ပျိုးရေးသင်တန်း ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတွင် ပြည်သူလူထု၏ အသက် မွေးဝမ်း ကျောင်းလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်နှင့် အစားအစာလုံခြုံရေးအတွက် ဓာတုပစ္စည်းမပါဝင်သော စိုက်ပျိုးရေးနည်းပညာဖြင့် နေထိုင်မှုဘဝကို တည်ဆောက်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပါသည်။

သင်တန်းတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြေခံလမ်းစဉ်လုပ်ငန်းစဉ်၊ လယ်ယာစိုက်ပျိုးရေးဌာန၏ပေါ်လစီနှင့်ပတ်သက်သော မြေယာပေါ်လစီ၊ မြေဩ ဇာပြုလုပ်နည်း၊ သဘာဝပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးပြုလုပ်နည်းများကို ပို့ချခဲ့သည်။ သင်တန်းသားဦးရေ (၃၀)ဦး တက်ရောက်ခဲ့သည်။

သင်တန်းကို ဩဂုတ်လ(၅)ရက်နေ့မှ (၁၂)ရက်နေ့အထိ တစ်ပတ်တာဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်လှစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေးအတွက် ကော်မတီဖွဲ့ စည်းပြီး စိုက်ပျိုးရန် မြေနေရာ (၅၀)ဧက ချမှတ်ခဲ့ပါသည်။